ဘီလ်ဘာအိုကို အရေးနိမ့်ခဲ့အပြီးမှာ ပြောဆိုခဲ့တာပါ။

ဘာစီလိုနာကတော့ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်နဲ့ ၃မှတ်ကွာဟနေပြီး ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာတော့ နာပိုလီနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းနောက်ခံလူဂျရတ်ပီကေး စပိန်ဘုရင့်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပွဲအပြီးမှာ သူတို့အသင်းအနေနဲ့ အဝတ်လဲခန်းအတွင်းညီညွှတ်နေဆဲဖြစ်နေပြီး လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်သေးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာဟာ ဘီလ်ဘာအိုကို အရေးနိမ့်ပြီး ဘုရင့်ဖလားကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ 

အသင်းအားကစားဒါရိုက်တာအဘီဒယ်လ်က ကစားသမားတွေရဲ့အားထုတ်မှုအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပြီး ဒီအပေါ်မှာ မက်ဆီက ပြန်လည်တုံ့ပြန်ခဲ့ကာ အသင်းတွင်းမှာ စည်းလုံးမှုပျက်ပြားနေခဲ့ပါတယ်။ ဘီလ်ဘာအိုကိုလည်း အရေးနိမ့်ခဲ့တာကြောင့် ဘာစီလိုနာအသင်းတွင်းမှာ ပြသနာတွေရှိနေပြီလို့ သုံးသပ်မှုတွေရှိနေချိန်မှာ ပီကေးက အထက်ပါအတိုင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"အခုချိန်က အပြန်အလှန်ပြစ်တင်နေရမယ့်အချိန်မဟုတ်ပါဘူး၊ အဝတ်လဲခန်းအတွင်းမှာ ညီညွှတ်မှုအပြည့်အဝရှိနေပါတယ်၊ ပြိုင်ပွဲကထွက်ခဲ့ရတာက ကြီးမားတဲ့ဆုံးရှုံးမှုဆိုပေမယ့်လည်း အဝတ်လဲခန်းအတွင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ တစ်ယောက်နဲ့တစ်ယောက်ပြောဆိုနေခဲ့တာပါ၊ ဝေဖန်မှုတွေရှိနေပေမယ့် ကျွန်တော်တို့က စည်းလုံးနေကြပါတယ်" လို့ ပီကေးက ပြောဆိုခဲ့ပါတ်ယ။

လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ဖို့ အခွင့်အရေးရှိနေသေးတဲ့အပေါ်မှာလည်း ပီကေးက "ယုံကြည်မှုအပြည့်ရှိပါတယ်၊ လက်ကျန်ဖလားနှစ်လုံးကို ရယူနိုင်တဲ့အရည်အသွေးလည်း ရှိပါတယ်" လို့ စပိန်သတင်းဌာနတွေရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့ပါတယ်။ ဘာစီလိုနာကတော့ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်နဲ့ ၃မှတ်ကွာဟနေပြီး ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာတော့ နာပိုလီနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 

ပီကေးကတော့ ညကကစားခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရပါတယ်။ အမ်တီတီနဲ့ အစားထိုးခဲ့ရတာဖြစ်ပြီး ဒဏ်ရာအနေအထားကတော့ ပြင်းထန်မှုမရှိဘူးလို့သိရပြီး လာမယ့်ပွဲစဉ်တွေကို ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ 



က္က