၇ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့တာပါ။
Pyae Phyo Thein

နောက်ဆုံးပွဲစဉ်မှာ အလာဗက်ကို ၂ ဂိုးသွင်းယူပြီး စုစုပေါင်းသွင်းဂိုး ၂၅ ဂိုးနဲ့ မက်ဆီက ပီချီချီဆုကိုရရှိခဲ့တာဖြစ်ပြီး လေးရာသီဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


လာလီဂါဖလားကို လက်လွှတ်ခဲ့ရပေမယ့်လည်း ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ ရွှေဖိနပ်ဆုကိုတော့ စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်မှာ အလာဗက်ကို ၂ ဂိုးသွင်းယူပြီး စုစုပေါင်းသွင်းဂိုး ၂၅ ဂိုးနဲ့ မက်ဆီက ပီချီချီဆုကိုရရှိခဲ့တာဖြစ်ပြီး လေးရာသီဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူ့အတွက် ၇ ကြိမ်မြောက်ရရှိခဲ့တာဖြစ်လို့လည်း ဘီလ်ဘာအိုဂန္ထဝင်ကစားသမားကြီးတယ်လ်မိုဇာမိုရာရဲ့ စံချိန်ကို တစ်ကြိမ်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ မက်ဆီဟာ ဂိုးဖန်တီးမှုလည်း ၂၁ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပြီးတော့ လာလီဂါမှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုစံချိန်ပါ တင်နိုင်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

"တစ်ဦးချင်းဆုတွေနဲ့ သွင်းဂိုးတွေက ဒုတိယနေရာမှာပဲရှိတယ်လို့ ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်၊ ပီချီချီဆုကို ၇ ကြိမ်မြောက်ရရှိတာက အောင်မြင်မှုတစ်ခုလို့ဆိုရမှာဖြစ်ပေမယ့်လည်း ကျွန်တော့်အတွက်တော့ လာလီဂါဖလားနဲ့အတူရရှိမယ်ဆိုရင် ပိုပြီးတော့ကောင်းမွန်ပါလိမ့်မယ်" လို့ မက်ဆီကပြောဆိုခဲ့ပါတယ်။

ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာကတော့ မက်ဆီအောက် လေးဂိုးအကွာနဲ့ ဒုတိယနေရာမှာရှိခဲ့ပြီး ဗီလာရီးရဲလ်ကစားသမားမော်ရီနိုက ၁၈ ဂိုးသွင်းယူပြီး တတိယနေရာမှာရှိခဲ့ပါတယ်။ မက်ဆီရဲ့ အသင်းဖော်ဆွာရက်ဇ်ကတော့ သွင်းဂိုး ၁၆ ဂိုးနဲ့ အဆင့်လေးနေရာမှာ ရှိနေခဲ့ပြီး မက်ဆီဟာ လာလီဂါသမိုင်းမှာ စံချိန်သစ်တွေထပ်မံပိုင်ဆိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က