၂၀၂၁၊ မေလ ၂၉ မှာ ဗိုလ်လုပွဲကျင်းပသွားမှာပါ။
Pyae Phyo Thein

လာမယ့်ရာသီသစ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို အောက်တိုဘာလ ၂ဝရက်နေ့မှာ စတင်သွားဖို့ရှိနေပြီးတော့ ဗိုလ်လုပွဲကိုတော့ မေလ ၂၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 


ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကျင်းပမယ့် အချိန်ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ လာမယ့်ရာသီသစ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို အောက်တိုဘာလ ၂ဝရက်နေ့မှာ စတင်သွားဖို့ရှိနေပြီးတော့ ဗိုလ်လုပွဲကိုတော့ မေလ ၂၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 

ရာသီသစ်အတွက် ခြေစစ်ပွဲအဆင့်ကိုတော့ သြဂုတ်လ ၈ ရက်နေ့မှာ စတင်သွားမှာဖြစ်ကာ နောက်ဆုံး Play-off အဆင့်ကိုတော့ သြဂုတ်လ ၂၂ ရက်နေ့မှာကစားသွားရမှာဖြစ်ပါတယ်။ ဒီအတွက်တော့ ဒီရာသီချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲတွေကို ကစားနေတဲ့အချိန်မှာပဲ နောက်ရာသီအတွက် ခြေစစ်ပွဲတွေကိုပါ တစ်ပြိုင်တည်းကစားသွားမှာဖြစ်ပါတယ်။ 

အုပ်စုအဆင့်ကိုတော့ အောက်တိုဘာလ ၂ဝရက်နေ့ကနေ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ရှုံးထွက်အဆင့်ကိုတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ မတ်လ ၁၇ ရက်နေ့အထိ၊ ကွာတားဖိုင်နယ်အဆင့်ကိုတော့ ဧပြီလ ၆ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ၊ ဆီမီးဖိုင်နယ်အဆင့်ကိုတော့ ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိနဲ့ ဗိုလ်လုပွဲကို မေလ ၂၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ပါတယ်။ 

ဒီနှစ်ဘောလုံးရာသီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမောက်ကမဖြစ်ခဲ့လို့ လာမယ့်ရာသီအတွက် စီစဉ်ထားမှုတွေဟာ အနည်းငယ်နောက်ကျခဲ့တာလည်းဖြစ်ပါတယ် မူလကတော့ ခြေစစ်ပွဲအဆင့်ကို ဇွန်လအတွင်းမှာ ကျင်းပသွားဖို့ရှိနေခဲ့တာဖြစ်ပြီး အုပ်စုအဆင့်ကိုတော့ အောက်တိုဘာလ ၁ရက်နေ့မှာ ကျင်းပဖို့ရှိနေခဲ့ပါတယ်။ ခြေစစ်ပွဲတွေကိုလည်း တစ်ကျော့တည်းသာကစားသွားတော့မှာဖြစ်ပါတယ်။

ဒီဘောလုံးရာသီမှာ ဗိုလ်လုပွဲလက်ခံကျင်းပမယ့် အစ္စတန်ဘူလ်မှာ မပြုလုပ်နိုင်ခဲ့လို့ လာမယ့်ရာသီရဲ့ ဗိုလ်လုပွဲကို ကျင်းပခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် လာမယ့်ရာသီအတွက် လက်ခံကျင်းပမယ့် ရုရှနိုင်ငံ၊ စိန့်ပီတာစဘတ်က နောက်နှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ကျင်းပသွားရဖို့ ပြောင်းလဲခဲ့ရပါတယ်။ 


Author


က္က