မနေ့ညက ထိပ်တိုက်တွေ့ဆုံခဲ့ကြရာမှာ ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ဘာတိုမြူနဲ့အတူ အသင်းဒါရိုက်တာဟာဗီယာဘော်ဒက်စ်လိုက်ပါခဲ့ပြီး မက်ဆီကတော့ သားဖြစ်သူ ရိုဒရီဂို၊ ရှေ့နေဂျော့ပီးကော့တို့ကို ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


ဘာစီလိုနာအသင်းဥက္ကဌဘာတိုမြူ နဲ့ မက်ဆီရဲ့ဖခင်ဖြစ်သူတို့ဟာ မနေ့ညက တစ်နာရီခွဲကြာ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး မက်ဆီရဲ့အနာဂတ်အတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တစ်စုံတစ်ရာသဘောတူညီမှုမရရှိခဲ့ဘူးလို့ သိရပြီး ဘာတိုမြူက မက်ဆီအတွက် လျော်ကြေးပေါင်သန်း ၆၃၀ ရရှိမှသာ ရောင်းချမယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။ 

စပိန်သတင်းစာ Diario Sprot ရဲ့ ဖော်ပြချက်အရ ဘာတိုမြူနဲ့အတူ အသင်းဒါရိုက်တာဟာဗီယာဘော်ဒက်စ်လိုက်ပါခဲ့ပြီး မက်ဆီကတော့ သားဖြစ်သူ ရိုဒရီဂို၊ ရှေ့နေဂျော့ပီးကော့တို့ကို ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာက မက်ဆီအတွက် များပြားတဲ့ ငွေကြေးပမာဏမရရှိဘူးဆိုရင် အသင်းကနေ လက်လွှတ်ခံမှာမဟုတ်ဘူးလို့ ရှင်းပြပြောဆိုခဲ့ပါတယ်။

မက်ဆီရဲ့ဖခင်ကတော့ သားဖြစ်သူကို စာချုပ်ဖျက်သိမ်းပြီး အလွတ်ထွက်ခွာခွင့်ပေးဖို့ အလေးပေးပြောဆိုခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် ဘယ်လိုသဘောတူညီမှုမျိုးမှမရခဲ့ဘဲ ပထမအကြိမ်ထိပ်တိုက်တွေ့ဆုံမှုဟာ ပြီးဆုံးခဲ့ရပါတယ်။ မက်ဆီဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းဘဲ သူ့ဆန္ဒကိုထုတ်ဖော်ပြသခဲ့ချိန်မှာ ဘာစီလိုနာကလည်း ရာသီသစ်မှာဝတ်ဆင်မယ့် ဂျာစီသစ်မိတ်ဆက်မှုမှာ မက်ဆီရဲ့ပုံရိပ်ကို ထည့်သွင်းအသုံးပြုသွားခဲ့ပါတယ်။ 

မက်ဆီကိုခေါ်ယူဖို့ မန်စီးတီးက အသင့်ရှိနေပြီး ငါးနှစ်စာချုပ်အတွက် ယူရိုသန်း ၇၀၀ အထိ ပေးချေသွားမယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်က တောင်းဆိုတဲ့ လျော်ကြေးပေါင်သန်း ၆၃၀ ကို ပေးချေဖို့အတွက်တော့ အခက်တွေ့နိုင်ဖွယ်ရှိနေပြီး မက်ဆီရဲ့ ပြသနာဟာ ပိုမိုခက်ခဲလာကာ ရှုပ်ထွေးလာခဲ့ပြီလည်းဖြစ်ပါတယ်။

ဥပဒေကြောင်းအရဖြေရှင်းမယ်ဆိုရင်လည်း ဘာစီလိုနာက အနည်းငယ်အသာစီးရလိမ့်မယ်လို့ စပိန်သတင်းစာတွေ သုံးသပ်ဖော်ပြခဲ့ပါတယ်။ လာလီဂါအဖွဲ့ချုပ်ကလည်း မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့စာချုပ်ဟာ ပုံမှန်အတိုင်းရှိနေတယ်လို့ တရားဝင်ဖော်ပြထားခဲ့ပါတယ်။ မက်ဆီအတွက်တော့ နူးကမ့်ကနေ ထွက်ခွာဖို့ကြိုးပမ်းမှုဟာ တော်တော်လေးကို အကျပ်တွေ့နေပြီလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က