စည်းမျဉ်းတစ်ခုသဖွယ် လိုက်နာရတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

လေ့ကျင့်ရေးကွင်းမှာ မက်ဆီကို တတ်နိုင်သမျှရှောင်ကစားပေးရပြီး တကယ့်ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်အောင် ကြိုတင်ကာကွယ်ထားခဲ့တာလည်းဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းသားတွေဟာ လေ့ကျင့်ရေးကွင်းမှာ မက်ဆီကို ထိခိုက်ဒဏ်ရာရရှိအောင် ဖျက်ထုတ်ခြင်းမပြုလုပ်ဖို့အတွက် သတိထားဆင်ခြင်ရတယ်လို့ လူငယ်ကစားသမား တိုဒီဘိုက ပြောဆိုလိုက်ပါတယ်။ အဆိုပါစည်းကမ်းချက်ကို တရားဝင်သတ်မှတ်ထားတာ မဟုတ်ပေမယ့်လည်း နားလည်မှုနဲ့ လိုက်နာနေရတယ်လို့လည်း ဆိုပါတယ်။

ဂျာမနီသတင်းစာ Bild နဲ့ ပြုလုပ်ခဲ့တဲ့ ဒီနှစ်အစောပိုုင်းက အင်တာဗျူးမှာ တိုဒီဘို်က ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ရှော်လ််ကေးမှာ အငှားနဲ့သွားရောက်ကစားခဲ့စဉ်က ပြောဆိုခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ မက်ဆီကို တတ်နိုင်သမျှရှောင်ကစားပေးရပြီး တကယ့်ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်အောင် ကြိုတင်ကာကွယ်ထားခဲ့တာလည်းဖြစ်ပါတယ်။ 


"သူ ဒဏ်ရာရရှိသွားလို့မရဘူးဆိုတာ ကျွန်တော်တို့အားလုံးသိထားကြပါတယ်၊ မက်ဆီကိုယ်တိုင်လည်းပဲ လေ့ကျင့်ရေးကွင်းမှာ တော်တော်လေးဂရုစိုက်ပြီးတော့ ကစားတာပါ၊ သူ့ဆီကနေ ကျွန်တော်အများကြီးသင်ယူနိုင်ခဲ့ပြီး သူ့ကိုလည်း အကြိ်မ်အနည်းငယ်လောက် ကျွန်တော်ဖျက်ထုတ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် သူ ထိခိုက်နာကျင်မသွားအောင်တော့ ဂရုစိုက်ခဲ့ရပါတယ်" လို့ တိုဒီဘိုက ပြောဆိုခဲ့တာပါ။ 


မက်ဆီဟာ ဘာစီလိုနာရဲ့ အဓိကကစားသမားဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝပါက အသင်းရဲ့ပွဲစဉ်တိုင်းလိုလိုမှာ ပါဝင်ကစားပေးနေရသူဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘဝမှာ ဒဏ်ရာပြသနာပေါင်း ၂၆ ကြိမ်ရင်ဆိုင်ခဲ့ရဖူးပြီး ၅၅၅ ရက်တိတိ အနားယူခဲ့ရကာ ၉၉ ပွဲတိတိလွဲချော်ခဲ့တယ်လို့လည်း မှတ်တမ်းများအရသိရပါတယ်။ 


Author


က္က