ဧပြီ ၂၃ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ လျာထားမှုတွေရှိနေပါတယ်။

စပိန်လာလီဂါပွဲစဉ်တွေကို ဧပြီလအစောပိုင်းကာလအထိရွှေ့ဆိုင်းထားပြီး လိုအပ်ချက်အရ ရွှေ့ဆိုင်းမယ့်ရက် ကိုထပ်တိုးဖို့ ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးဆက်မှုနှုန်းထိန်းချုပ်နိုင်ဖို့ရုန်းကန်နေရဆဲဖြစ်တဲ့ အခြေအနေကြောင့် စပိန်လာလီဂါပွဲစဉ်တွေ ရွှေ့ဆိုင်းထားမှုကို ရက်တိုးသတ်မှတ်ဖို့ရှိနေပေမယ့် အသင်းကြီးအချို့အနေနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေပြန်လည် အစပြုလုပ်ဆောင်ထားသင့်ကြောင့် လာလီဂါဥက္ကဋ္ဌက တောင်းဆိုမှုအချို့ပြုလုပ်ခဲ့ခြင်းကို marca.comကဖော်ပြ လာပါတယ်။



အစောပိုင်းမှာ လာလီဂါပွဲစဉ်တွေကို ရက်သတ္တပတ် ၂ပတ်၊ ၁၄ရက်နောက်ဆုတ်ကျင်းပမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဧပြီလနောက်ဆုံးရက်သတ္တပတ်အထိရွှေ့ဆိုင်းဖို့ ညှိနှိုင်းမှုအချို့ပြုလုပ်နေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။



“ ပွဲစဉ်တွေပြန်လည်ကျင်းပနိုင်ဖို့အချိန်က သိပ်မလိုတော့ဘူးလို့ထင်ပါတယ်။ ရောဂါကူးစက်ခံရမှုနှုန်းရှိနေသေး ပေမယ့် လာမယ့်အချိန်အနည်းငယ်အတွင်း ထိန်းချုပ်နိုင်မယ်လို့ ယူဆမိပါတယ်။ အသင်းတွေအနေနဲ့ကတော့ ပုံမှန်လေ့ကျင့်ရမယ့်အချိန်အတွက်ပြင်ဆင်ထားသင့်ပြီလို့ ထင်ပါတယ် ” လို့ လာလီဂါဥက္ကဋ္ဌဂျာဗီယာတီဘက်စ် က ဆိုခဲ့တာပါ။

ဥရောပနိုင်ငံများတွင် အများဆုံးကူးစက်ခံထားရတဲ့ အီတလီနိုင်ငံပြီးရင် ဒုတိယနေရာမှာရှိနေတဲ့ စပိန်နိုင်ငံအနေ နဲ့ ရောဂါပျံ့နှံ့ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အခက်အခဲအချို့ရှိနေခဲ့ပြီး နေ့စဉ်အလိုက် ကူးစက်ခံထားရသူအရေ အတွက် မြင့်တက်လာခြင်းကြောင့် နိုင်ငံအတွင်းအားကစားပွဲစဉ်တွေအားလုံးထပ်မံရွှေ့ဆိုင်းကြဖို့အစိုးရအာဏာ ပိုင်များက အသိပေးကြေညာထားခဲ့တာလည်းဖြစ်ပါတယ်။

စပိန်မီဒီယာတွေဖြစ်တဲ့ as.com၊ footballespana တို့ရဲ့ဖော်ပြချက်မှာတော့ စပိန်လာလီဂါပွဲစဉ်တွေကို ဧပြီ ၂၃ ရက်နေ့ (သို့) မေလအစောပိုင်းကာလများတွင် သေချာပေါက်ပြန်လည်ကျင်းပနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှု များပြုလုပ်နေပြီး အဆင်ပြေနိုင်ခြေအများဆုံးရှိနေခဲ့တယ်လို့လည်း အခိုင်အမာသတင်းတစ်ရပ်အဖြစ်ဖော်ပြထား ကြပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က