ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွင်း ပြေးဝင်ခဲ့တာပါ။

လီဗာပူးနဲ့ စပါးတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ ပွဲချိန် ၂၅ မိနစ်မှာ အဆိုပါ ရုရှားမော်ဒယ် ဝိုလန်စကီက ရေကူးဝတ်စုံဝတ်ပြီး ပြေးလွှားခဲ့တာကြောင့် ပွဲကို ခဏ နားခဲ့ရတာပါ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက ကွင်းအတွင်း ရေကူးဝတ်စုံဝတ်ပြီး ပြေးလွှားခဲ့တဲ့ ရုရှားမော်ဒယ် ဝိုလန်စကီက ဗိုလ်လုပွဲ အပြီးမှာသူမထံကို လီဗာပူး ကစားသမားနှစ်ဦးက မြူဆွယ်တဲ့ အဓိပ္ပာယ်ရတဲ့ စာသားတချို့ ပေးပို့လာခဲ့တယ်လို့ ထုတ် ဖော်ပြောခဲ့တဲ့အကြောင်း Daily Mail ကဖော်ပြလာပါတယ်။




လီဗာပူးနဲ့ စပါးအသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ ပွဲချိန် ၂၅ မိနစ်အရောက်မှာတော့ အသက် ၂၂ နှစ်အရွယ် ရုရှားမော်ဒယ် ဝိုလန်စကီဟာ ရေကူးဝတ်စုံနဲ့ ကွင်းအတွင်း ပြေးလွှားခဲ့တာကြောင့်ပွဲကို ခေတ္တရပ်နားခဲ့ရ ပါတယ်။

ဒီလို ပြေးလွှားခဲ့တာကြောင့်လည်း သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ယခင်က ဖော်လိုအာ ၂ သိန်း ၃ သောင်းလောက် သာရှိရာမှာ ယခုအခါ ၂ သန်းကျော်အထိ မြင့်တက်သွားတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း စပိန်ရဲတပ်ဖွဲ့ကတော့သူမကို အချုပ်ခန်းအတွင်း ၅ နာရီကြာ ထိန်းသိမ်းထားခဲ့ပါတယ်။ သို့သော်လည်း သူမကတော့ အဆိုပါ အခိုက်အတန့်ဟာ သူမဘဝအတွက် အကောင်းဆုံး အခိုက်အတန့်ဖြစ်ခဲ့ပြီး အခုလို ပုံစံမျိုးနဲ့ လူကြားထဲ နောက်ထပ် ပြေးလွှားမှုတွေ ဆက်လုပ်သွားဖို့ရှိသေးတယ်လို့ ဆိုခဲ့ပါသေးတယ်။

“ အသက် ၃၀ အရွယ်ထိ အစီအစဉ်ဆွဲထားပါတယ်။ငွေရဖို့ လုပ်ဆောင်နေရတာ ဖြစ်ပြီး အခုလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာ ပြေးလွှားခဲ့တာကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း အခုလို ပုံစံမျိုးတွေ ဆက်လက်လုပ် ဆောင်သွားဦးမှာပါ။” လို့ ဝိုလန်စကီက The Sun သတင်းဌာနကို ပြောသွားတာပါ။


ဝိုလန်စကီအနေနဲ့ အခုလို ကွင်းအတွင်း ပြေးလွှားခဲ့တာကြောင့် ရုတ်ရက် ကမ္ဘာကျော်သွားခဲ့သလို တိမ်မြှုပ်နေတဲ့ အလုပ်လျှောက်လွှာတွေဆီကလည်း အလုပ်ခေါ်စာတွေ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ လီဗာပူးအသင်းက ကစားသမားနှစ်ဦးကလည်း သူမဆီ မက်ဆေ့ကတဆင့် မြူဆွယ်တဲ့ စာသားတွေ ပေးပို့ လာခဲ့သေးတယ်လို့လည်း ဝိုလန်စကီကပြောခဲ့ပါတယ်။


“ နာမည်တွေကိုတော့ ကျွန်မ ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး၊ဒါပေမယ့် လီဗာပူးအသင်းက ကစားသမား ၂ ဦးကတော့ ကျွန်မထံ ဖုန်းကနေတဆင့် ပွဲအပြီးမှာပဲ မက်ဆေ့ ပေးပို့ပြီး မြူဆွယ်လာတာတော့ရှိပါတယ်။တစ်ဦးက အသည်းပုံ အီမိုဂျီ လေးပေးပို့လာတာ ဖြစ်ပြီး တစ်ဦးကတော့ “ ငါမင်းကို ကွင်းထဲမှာတွေ့လိုက်တယ်” လို့ ရေးသားလာတာပါ။ ဒီမတိုင်ခင်အထိသူတို့ကို ကျွန်မ မသိပါဘူး၊ သူတို့ ပရိုဖိုင်တွေကို ဖွင့်ကြည့်မိလိုက်ချိန်မှသိတာပါ၊ကျွန်မမှာ ချစ်သူရှိနှင့် ထားပြီး ဖြစ်ပါတယ်။” လို့ ဝိုလန်စကီက ဆက်လက်ပြောခဲ့ပါတယ်။



ဝိ

ုလန်စကီရဲ့ ချစ်သူကတော့ အပြာကား ဗီဒီယို ဟာသတွေ တင်လေ့ရှိတဲ့ ယူကျုအသုံးပြုတစ်ဦးဖြစ်ပြီး ဝိုလန်စကီအနေ နဲ့ ကွင်းအတွင်း ပြေးဝင်စဉ် ရေကူး အကျီ ၤမှာ အဆိုပါ ဝက်ဘ်ဆိုဒ်ရဲ့နာမည်ကို ရေးသားပြီး ကြေညာခဲ့တာကိုလည်း မြင် တွေ့နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က