ဂျန့်ခ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့သူပါ။

လီဗာပူးအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အန်းဖီးမှာ ရက်ဘူးလ်ဆဲလ်ဘတ်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရက်ဘူးလ်ဆဲလ်ဘတ်ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်း ပါဝင်ကစားနိုင်ဖို့ မရေမရာဖြစ်နေတာကြောင့် လီဗာပူးအသင်းအနေနဲ့ ဟာလန်းကို ရင်ဆိုင်ရမယ့်အရေးကနေ ရှောင်လွှဲနိုင်လိမ့်မယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းဟာ ယခုရာသီမှာ ၁၂ ပွဲကစားခဲ့ရာမှာ ၁၇ ဂိုးအထိ သွင်းယူထားသူဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျန့်ခ်အသင်းကို တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး စတဲ့အသင်းတွေဟာ ဟာလန်းကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဟာ ပရီးမီးယားလိဂ်ကို လာရောက်နိုင်မလားဆိုတာကို အကဲဖြတ်နိုင်ဖို့ ပြီးပြည့်စုံတဲ့အခွင့်အလမ်းဖြစ်လာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နော်ဝေကြယ်ပွင့် ဟာလန်းဟာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မတိုင်မီ နာမကျန်းဖြစ်နေရာကနေ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရတယ်လို့ သိရပြီး သြစတြီးယန်းဝင်းကို အလွယ်တကူအနိုင်ရခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့တယ်လို့ သိရပါတယ်။

“လာမယ့် ၂ ရက်က အရမ်းအရေးကြီးပါတယ်။ သူ့ကို ဆရာဝန်က နေ့စဉ် စစ်ဆေးပေးနေပါတယ်”

“သူ နေမကောင်းဖြစ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ သူဘယ်အချိန် ပြန်လာမလဲဆိုတာကို သိပ်မသိပါဘူး။ လာမယ့်ရက်အနည်းငယ်အတွင်းဖြစ်လိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်”လို့ ဆဲလ်ဘတ်အားကစားဒါရိုက်တာ ခရစ်စတိုဖိုင်း က Viasat ကို ပြောကြားခဲ့ပါတယ်။



က္က