ဂျက်လေယာဉ်ဘွတ်ကင်တွေ ဖျက်သိမ်းခဲ့ကြတာပါ။

အင်္ဂါနေ့ညက ဘာစီလိုနာအသင်းကို လီဗာပူးအသင်းက အိမ်ကွင်းအန်းဖီးလ်မှာ အံ့အားသင့်ဖွယ် အနိုင်ယူနိုင်ခဲ့ပြီးနောက် ပုဂ္ဂလိကဂျက်လေယာဉ်ကုမ္ပဏီတွေဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လီဗာပူးကနေ မက်ဒရစ်ကို သွားရောက်မယ့်ခရီးစဉ်တွေ ပိုမိုများပြားလာတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လီဗာပူးပရိသတ်တွေကို ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ကို ပို့ဆောင်ပေးခဲ့တဲ့ PrivateFly ကုမ္ပဏီဟာ ဘာစီလိုနာအသင်းပရိသတ်တွေဖျက်သိမ်းသွားခဲ့တဲ့ ပုဂ္ဂလိကဂျက်လေယာဉ်ဘွတ်ကင်တွေကို လီဗာပူးပရိသတ်တွေက ရယူလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။



လီဗာပူးကနေ မက်ဒရစ်ကို သွားရောက်နိုင်မယ့် ဂျက်လေယာဉ် ရရှိနိုင်မှုနည်းပါးနေချိန်မှာ အလွန်အမင်းယုံကြည်မှုှုပြင်းထန်ခဲ့တဲ့ ဘာစီလိုုနာပရိသတ်တွေ ဘွတ်ကင်ဖျက်သိမ်းသွားမှုဟာ လီဗာပူးပရိသတ်တွေအတွက် အကျိုးအမြတ်ဖြစ်စေလိမ့်မယ်လို့ PrivateFly က Liverpool ECHO ကို ပြောကြားခဲ့ပါတယ်။

“အင်္ဂနေ့ညနေက ပွဲအပြီးမှာ ချက်ချင်းပဲ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ လေယာဉ်ခရီးစဉ်ရှာဖွေမှုှုတွေ ကြီးကြီးမားမား မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။ ယူကေလေဆိပ်ကနေ မက်ဒရစ်ကို သွားမယ့် ခရီးစဉ်အတွက်ပါ။ ခရီးစဉ်လက်မှတ်အတွက် တောင်းဆိုမှုတွေ လက်မလည်အောင်ဖြစ်ခဲ့ပါတယ်”

“ကော်ပိုရိတ်နဲ့ ဗွီအိုင်ပီတွေက လွန်ခဲ့တဲ့အပတ်ကတည်းက ဘွတ်ကင်ပြုလုပ်ထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခု ဗိုလ်လုပွဲတက်ရောက်သွားတဲ့အသင်းပရိသတ်တွေဆီကနေ မကြုံစဖူး လက်မှတ်ဝယ်ယူမှုတွေကို မြင်တွေ့နေရပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ လေယာဉ်ကို စပ်တူစင်းလုံးငှားမယ့် အုပ်စုတွေလည်း အပါအဝင်ပါပဲ”

“လေယာဉ်ရပ်နားဖို့နဲ့ ဆင်းသက်ဖို့နေရာက မက်ဒရစ်ဘာရာဟတ်စ်မှာ ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အချို့လီဗာပူးပရိသတ်တွေအတွက် ကံကောင်းစွာနဲ့ပဲ အလွန်အမင်းယုံကြည်ပြင်းထန်တဲ့ဘာစီလိုနာပရိသတ်တွေရဲ့ ဘွတ်ကင်ဖျက်သိမ်းမှုကြောင့် လက်မှတ်ရရှိနိုင်မှု ပြန်လည်လမ်းပွင့်သွားပါပြီ”လို့ PrivatFly CEO က ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က