ငြင်းပယ်မရနိုင်တဲ့ကမ်းလှမ်းမှုမျိုးဆို စဉ်းစားမယ်လို့ ပြောခဲ့တာပါ။

လီဗာပူးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နာပိုလီကြယ်ပွင့်တိုက်စစ်ကစားသမား အင်ဆစ်ဂနီဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

နာပိုလီကြယ်ပွင့် အင်ဆစ်ဂနီဟာ ၎င်းအတွက် မငြင်းပယ်နိုင်တဲ့ကမ်းလှမ်းမှုရရှိလာခဲ့မယ်ဆိုရင် လက်ရှိအသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။ နာပိုလီပရိသတ်တွေဟာ အင်ဆစ်ဂနီရဲ့ပြောစကားကြောင့် စိတ်ပျက်နေကြပြီး အချို့ပရိသတ်တွေက အသင်းကနေ ထွက်ခွာသွားဖို့တောင် တောင်းဆိုနေကြတယ်လို့ သိရပါတယ်။



နာပိုလီအသင်းဟာ ယမန်နေ့ညက ဂျီနိုအာအသင်းနဲ့ ၁ ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဂျူဗင်တပ်အသင်းနဲ့ အမှတ် ၂၀ အကွာ ဒုတိယနေရာကနေ ရပ်တည်နေတာဖြစ်ပါတယ်။

“ကျွန်တော် ပိုမိုကောင်းမွန်လာပြီး ပြီးပြည့်စုံလုနီးပါးဖြစ်နေပါတယ်။ အခု အန်ဆယ်လော့တီ ဆုံးဖြတ်ရမှာပါ။ ကျွန်တော့်ရဲ့အတွေးကတော့ အာဆင်နယ်နဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အတွက် ပြန်လည်သက်သာဖို့ဆိုတာ ရှင်းပါတယ်”

“အခြားအသင်းဂျာစီနဲ့ ကိုယ့်ကိုယ်ကို မြင်မိလားဆိုရင် အခု ကျွန်တော်တို့ အဲဒီအကြောင်းကို ပြောနေချိန်မှာ အဲဒီအကြောင်းကို ကျွန်တော် တွေးတောင်မတွေးမိပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို သွေးဆောင်နေတဲ့လူအချို့ အနီးအနားမှာရှိနိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်ဝင်စားတဲ့အသင်းတစ်သင်းမှ မရှိပါဘူး။ ကျွန်တော့်မှာ တွေးခေါ်ဖို့အတွက် တာဝန်ရှိပြီး ဒီနှစ်တွေထဲမှာ နာပိုလီအသင်းနဲ့အတူ ကျွန်တော် လုပ်နိုင်တဲ့ဟာတွေကို သရုပ်ပြမှုအချို့ ပြုလုပ်နိုင်ခဲ့ပါတယ်”

“လျှို့ဝှက်ကြံစည်နေတာတစ်ခုမှမရှိပါဘူး။ ကျွန်တော် ဒီမှာ ရှိနေတဲ့ကာလအထိ အမြဲတမ်း ၁၁၀ ရာခိုင်နှုန်း ပေးသွားမှာဖြစ်ပြီး ဒီနေရာမှာ ကာလရှည် နေချင်ပါတယ်။ ကျွန်တော့်အသက် ၂၈ နှစ်ရှိပြီဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ငြင်းပယ်လို့မရနိုင်ဘူးလို့ ပြောလို့ရနိုင်တဲ့ ကမ်းလှမ်းမှုတစ်ခု ရှေ့မှာ ရှိလာရင်တော့ အဲဒါက ဖြစ်နိုင်ပါတယ်”လို့ ll Corriero dello Sport ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က