အလွန်တောက်ပတဲ့အနာဂတ်ရှိနေတယ်လို့ ပြောခဲ့တာပါ။

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ဟာ လီဗာပူးအသင်းအတွက် အနာဂတ်ဟာ အလွန်တောက်ပနေကြောင်း ယုံကြည်နေပေမယ့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းဟောင်းပေါ် ငဲ့ညှာသနားမှုပြသဖို့ အစီအစဉ်မရှိပါဘူး။

လာလီဂါချန်ပီယံဘာစီလိုနာနဲ့ လီဗာပူးအသင်းတို့ဟာ ဗုဒ္ဓဟူးနေ့ည နူးကမ့်ကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘာစီလိုနာတိုက်စစ်မှူးလူးဝစ္စဆွာရက်ဇ်ဟာ အသင်းဟောင်း လီဗာပူးအသင်းနဲ့ ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။



လူးဝစ္စဆွာရက်ဇ်ဟာ လီဗာပူးအသင်းမှာ ၃ နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့မီ လိဂ်ဖလားတစ်လုံးသာ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြယာဂင်ကလော့ပ်လက်အောက်မှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာရော ဥရောပမှာပါ ပြင်းပြင်းထန်ထန်ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့အသင်းအဖြစ် ပေါ်ထွက်လာပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ လက်ကျန်ပွဲစဉ် ၂ ပွဲသာကျန်ရှိတော့ချိန်မှာ မန်ချက်စတာစီးတီးအသင်းရဲ့နောက်မှာ ၁ မှတ်အကွာ လိုက်ပါဖိအားပေးနေဆဲဖြစ်ပြီး လူးဝစ္စဆွာရက်ဇ်က Express နဲ့ တွေ့ဆုံရာမှာ လီဗာပူးအသင်းအကြောင်းကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“လီဗာပူးဟာ အခုအချိန်မှာ နောက်ထပ်တစ်ကြိမ် အနာဂတ်အရမ်းတောက်ပနေတဲ့နေရာကို ရောက်ရှိနေပါတယ်”

“အခုရာသီ အင်္ဂလန်က ပြိုင်ပွဲဟာ အရမ်းကို ခက်ခဲနေပါတယ်။ လီဗာပူးနဲ့ မန်ချက်စတာစီးတီး ၂ သင်းမှာ ဘယ်အသင်းက ချန်ပီယံဖြစ်မယ်ဆိုတာ ပြောလို့ မဖြစ်နိုင်ပါဘူး”

“ဒါပေမယ့် လီဗာပူးအသင်းက အခုအချိန်မှာ အနာဂတ်မှာ စိန်ခေါ်မှုတွေ ပြုလုပ်နိုင်မယ့်နေရာကို ရောက်ရှိနေပါတယ်။ ကျွန်တော်တို့ ဆုဖလားရဖို့ နီးစပ်ပြီးမှ လွဲချော်ခဲ့ရင် စိတ်ပျက်မှုတွေအများကြီးရှိခဲ့မှာပါ။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့ရဲ့အခိုက်အတံ့လို့ ခံစားခဲ့ရပြီးမှ အဲဒါကို ကျွန်တော်တို့ မရခဲ့လို့ပါ”

“ဒါပေယ့် လီဗာပူးအသင်း အခုလူစာရင်းက ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ဒါက တစ်ကြိမ်တစ်ခါ တစ်ရာသီလောက်အတွက်ပဲ ပြင်ဆင်ထားတာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က