loading...

loading...

loading...

အသင်းဟောင်းအပေါ်ကို ယုံကြည်မှုအပြည့်အဝရှိနေတာပါ။
Pyae Phyo Thein

ဟိုဆေးမီဟာ လီဗာပူးလ်မှာ (၂)နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ စပိန်ကစားသမား ဟိုဆေးမီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမှာ ဘာစီလိုနာနဲ့တွေ့ဆုံနေတဲ့ အသင်းဟောင်းလီဗာပူးလ်ဘက်ကနေ နှစ်ကျော့စလုံးလောင်းကြေးထပ်ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဟိုဆေးမီဟာ လီဗာပူးလ်မှာ

(၂)နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

မေလ (၁)ရက်နေ့မှာ ဘာစီလိုနာ နဲ့ လီဗာပူးလ်တို့ ကစားကြတော့မှာဖြစ်ပြီး ဟိုဆေးမီက အဆိုပါပွဲမတိုင်ခင်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ ဟိုဆေးမီက ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ဘာစီလိုနာထက် ပိုမိုရေပန်းစားတဲ့ အသင်းဖြစ်နေတာကြောင့် လီဗာပူးလ်နဲ့အတူ နှစ်ကျော့စလုံးမှာ လက်တွဲချင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

"နှစ်ကျော့စလုံးမှာ ကျွန်တော် လီဗာပူးလ်နဲ့ ရှိနေပါမယ်၊ ပထမအကျော့မှာ အခွင့်အရေးကောင်းကို လီဗာပူးလ်က ရယူနိုင်ပြီး ဒုတိယအကျော့ကို အသာစီးနဲ့ ကစားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ထားလို့ပါ၊ ဘာစီလိုနာမှာ မက်ဆီရှိနေပြီး သူက ဘာစီလိုနာနိုင်ပွဲရအောင် ကူညီပေးနိုင်ပါတယ်၊ ဒါပေမယ့် လီဗာပူးလ်ပေးမယ့် ဖိအားတွေကလည်း ဘာစီလိုနာကို နာကျင်စေမှာပါ"

"ဒီလိုဖြစ်လာဖို့လည်း အရမ်းနီးစပ်နေပါတယ်၊ လီဗာပူးလ်က ကျွန်တော်ကစားခဲ့တုန်းက အသင်းမဟုတ်တော့ပါဘူး၊ လက်ရှိအသင်းက ပိုပြီးစွမ်းအင်ပြည့်ဝပြီး ကျွန်တော်တွေ့ဖူးတဲ့ လီဗာပူးလ်အသင်းထက် ပိုပြီးကောင်းမွန်နေပါတယ်၊ သူတို့မှာ တည်ငြိမ်ပြီး ညီမျှတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားသလို ပြီးခဲ့တဲ့ရာသီကထက် ပိုပြီးတိုးတက်လာပါတယ်" လို့ ဟိုဆေးမီက ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာကတော့ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းဖြစ်ပါတယ်။ လီဗာပူးလ်ကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တိုက်တက်ရောက်နိုင်ဖို့ အားခဲနေတဲ့အသင်းဖြစ်လို့ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။ လီဗာပူးလ်နဲ့အတူ ရှိနေမယ်ဆိုတဲ့ ဟိုဆေးမီရဲ့ ယုံကြည်မှုက အပြည့်အဝမှန်ကန်မလားဆိုတာကိုတော့ မကြာခင်မြင်တွေ့ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ


loading...

က္က