အသင်းမှာဆက်ရှိနေမယ်လို့ အတည်ပြုခဲ့တာပါ။
Pyae Phyo Thein

ဘယ်လိုအကြောင်းကိစ္စတွေပဲရှိရှိ ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေမယ်လို့ ဘတ်ပီက အခိုင်အမာပြောဆိုခဲ့ပြီး သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်မှူးကိုင်လီယန်ဘတ်ပီက သူဟာ နောက်နှစ်မှာလည်း ပြင်သစ်ကလပ်အတွက် ဆက်လက်ကစားပေးဦးမယ်လို့ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ဘယ်လိုအကြောင်းကိစ္စတွေပဲရှိရှိ ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေမယ်လို့ ဘတ်ပီက အခိုင်အမာပြောဆိုခဲ့ပြီး သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်၊ လီဗာပူးလ်တို့က ဘတ်ပီကို စိတ်ဝင်စားနေချိန်မှာ ကစားသမားရဲ့ ဆုံးဖြတ်ချက်က ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၀ အထိ သွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ ဘတ်ပီဟာ ရော်နယ်ဒို၊ မက်ဆီတို့မရှိတော့မယ့် ဘောလုံးလောကကို ဦးဆောင်မယ့်သူဖြစ်လာမယ်လို့ သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ 

"ကျွန်တော် ဒီအသင်းမှာပါပဲ၊ အသင်းနဲ့ စာချုပ်သက်တမ်း ၄ နှစ်အထိရှိနေပါသေးတယ်၊ ဘယ်လိုအကြောင်းတွေပဲရှိရှိ အသင်းနဲ့အတူ ကျွန်တော်ဆက်ရှိနေမှာပါ၊ အသင်းကို ဆုဖလားတွေရရှိစေဖို့ ကြိုးစားသွားမှာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အကောင်းဆုံးပုံစံမျိုးနဲ့ ကစားပေးနိုင်အောင် ရည်ရွယ်ထားပါတယ်" လို့ ဘတ်ပီက beIN Sport ကို ပြောဆိုခဲ့ပါတယ်။ 

ပီအက်စ်ဂျီအတွက်တော့ အသင်းရဲ့အားထားရတဲ့ ကစားသမားတစ်ဦးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်လို့ ကျေနပ်ဖွယ်ဖြစ်လာခဲ့ပါတယ်။ အသင်းကနေ ကာဗာနီထွက်ခွာဖို့ နီးစပ်နေပေမယ့် အင်တာကနေ အငှားနဲ့ခေါ်ယူထားတဲ့ အီကာဒီကို အပြီးသတ်ခေါ်ယူထားပြီးဖြစ်လို့ တိုက်စစ်ပိုင်းမှာ နေမာ၊ ဘတ်ပီ နဲ့ အီကာဒီတို့ကြောင့် အင်အားတောင့်တင်းနေဦးမှာလည်းဖြစ်ပါတယ်။ 


Author


က္က