ကစားသမား ၄ ဦးအထိ စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်ကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး ကစားသမား ၄ ဦးအထိ ၎င်းတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတယ်လို့ Caughtoffside ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လီဗာပူးအသင်းဟာ အိမ်ကွင်းအန်းဖီးမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားလုဘက် မန်ချက်စတာစီးတီးအသင်းကို ဆက်လက်ဦးဆောင်နိုင်စေမယ့် အရေးကြီးတဲ့အဖိုးတန် အနိုင် ၃ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့်လည်း တနင်္ဂနွေနေ့က အန်းဖီးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းရဲ့ ကင်းထောက်စစ်ဆင်ရေး ပြုလုပ်ခဲ့တယ်လို့ သိရပြီး လီဗာပူးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့က ကစားသမားတွေ စုစုပေါင်း ၄ ဦးအထိ ပစ်မှတ်ထားစောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။

Calciomercato ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်ကင်းထောက်တွေဟာ လီဗာပူးနဲ့စပါးပွဲကို တက်ရောက်ကြည့်ရှုခဲ့ကြပြီး မိုဟာမက်ဆာလာ၊ ဆွန်ဟောင်မင်၊ တိုဘီအယ်ဒါဝီလ်၊ ခရစ်ရှန်အဲရစ်ဆင်တို့ကို စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။

အယ်ဒါဝီလ်နဲ့ အဲရစ်ဆင်တို့ဟာ လာမယ့်နွေရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားတွေဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်ပါတယ်။



က္က