ဖြစ်နိုင်ချေအရ ဘာစီလိုနာအသင်းက ဒီဖလားကို ၄ နှစ်ဆက်တိုက်ရယူထားတာ ဖြစ်တာကြောင့် နည်း နည်းပြ ဗယ်လ်ဗာဒီက အခြားပြိုင်ပွဲကို အာရုံပိုစိုက်ချင်ဟန်ရှိနေတယ်လို့ ယူဆလို့ ရပါတယ်။
ဒီကနေု့ည(မြန်မာစံတော်ချိန် မနက်ဖြန် မနက် ၃ နာရီ)မှာ ကစားရမယ့် လီဗန်တေးအသင်းနဲ့ ကိုပါဒယ်ရေး ဖလား ၁၆ သင်းအဆင့်ပွဲစဉ်ကို ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ လွဲချော် မယ်လို့ သိရပါတယ်။
အကြောင်းကတော့ ဘာစီလိုနာအသင်းထုတ်ပြန်တဲ့ လီဗန်တေးနဲ့ ကစားမယ့် အသင်းလူစာရင်းမှာ မက်ဆီနဲ့ ဆွာရက်ဇ် ပါမလာခဲ့တာကြောင့် ဖြစ်ပါတယ်။ ဗလင်စီယာအသင်းက အငှားခေါ်ထားတဲ့ ဂျီဆန်မော်ရယ်လိုကတော့ အသင်းလူစာရင်းမှာ ပါလာပါတယ်၊ ဒါပေမယ့်လည်း နောက်ထပ် တိုက်စစ်မှူး ဖြစ်တဲ့ အယ်ဟတ်ဒါဒီလည်း အသင်းလူစာရင်းမှာ မပါဝင်လာပါဘူး။
ကွင်းလယ်မှာတော့ ကော်တင်ဟိုနဲ့ ဗီဒယ်တို့ကို ခေါ်ဆောင်လာတာ တွေ့ရပြီး ပွဲကြို သတင်းစာရှင်းလင်းပွဲ မှာ ဗီဒယ်ကို အသုံးပြုမယ်လို့ ဗယ်ဗာဒီက ပြောထားပါတယ်။ ဘာစီလိုနာအသင်းက ကိုပါဒယ်ရေးဖလားကို ၄ နှစ်ဆက်တိုက် ရရှိထားတာဖြစ်ပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဆုဖလားနဲ့ ဝေးကွာနေခဲ့ပါတယ်။