အသင်းကို တွန်းအားပေးသွားဖွယ်ရှိနေပါတယ်။
Pyae Phyo Thein

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘီယဲလ်ဆာကတော့ ဘောလုံးဒဿနကောင်းတွေကို ပိုင်ဆိုင်ထားတဲ့နည်းပြတစ်ဦးလို့ လူသိများထင်ရှားသူဖြစ်ပါတယ်။


ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ လိဒ်ယူနိုက်တက်နည်းပြဘီယဲလ်ဆာကို အသင်းနည်းပြသစ်ဖြစ်လာစေဖို့အတွက် ဆန္ဒရှိနေပါတယ်။ လိဒ်ကို ပရီးမီးယားလိဂ်ဆီရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တဲ့ အာဂျင်တီးနားလူမျိုးနည်းပြကို မက်ဆီက သဘောကျနေပြီး နူးကမ့်အတွက် သင့်တော်မယ်လို့ ယုံကြည်နေကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဘီယဲလ်ဆာဟာ စပိန်ကလပ်ဘီလ်ဘာအိုအသင်းကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး လာလီဂါအတွေ့အကြုံရှိသူလည်းဖြစ်ပါတယ်။ လိဒ်ကို ကိုင်တွယ်ခဲ့ပြီးနောက် ဘီယဲလ်ဆာက ၂ရာသီအတွင်းမှာပဲ ပရီးမီးယားလိဂ်ဆီရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီးတော့ မက်ဆီက လက်ရှိနည်းပြဆက်တီယန်နေရာမှာ အစားထိုးချင်နေတာဖြစ်ပါတယ်။

အိုဆာဆူနာကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းကစားပုံနဲ့ စိတ်ပိုင်းဆိုင်ရာခံယူချက်အပေါ် မက်ဆီက ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့သူဖြစ်ပါတယ်။ ရလဒ်တွေကျဆင်းနေခဲ့တဲ့အပေါ်မှာလည်း မက်ဆီက ဒေါသထွက်နေခဲ့ပြီး နည်းပြဆက်တီယန်ရဲ့ တာဝန်မကင်းဘူးလို့ ယူဆကာ နည်းပြအပြောင်းအလဲပြုလုပ်ဖို့ အသင်းကို စောင်းပါးရိပ်ခြည်ပြောဆိုမှုတွေလည်းရှိနေပါတယ်။ 

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘီယဲလ်ဆာကတော့ ဘောလုံးဒဿနကောင်းတွေကို ပိုင်ဆိုင်ထားတဲ့နည်းပြတစ်ဦးလို့ လူသိများထင်ရှားသူဖြစ်ပါတယ်။ လက်ရှိမှာ သူနဲ့လိဒ်ယူနိုက်တက်တို့ရဲ့ စာချုပ်က ဒီလအတွင်းမှာကုန်ဆုံးတော့မှာဖြစ်ပါတယ်။ စာချုပ်သစ်အတွက် တစ်စုံတစ်ရာသဘောတူညီမှုမရရှိထားသေးဘူးလို့ သိရပြီး လိဒ်ယူနိုက်တက်အတွက်တော့ စိိုးရိမ်စရာဖြစ်လာနေပါပြီ။ 

မက်ဆီက ဘီယဲလ်ဆာဟာ နူးကမ့်ကလပ်ကသာ ကမ်းလှမ်းမယ်ဆိုရင် လက်ခံမယ်လို့ ယုံကြည်နေပြီး အာဂျင်တီးနားသားချင်းဖြစ်တဲ့အတွက် သူ့ရဲ့ကစားမှုအပိုင်းမှာလည်း အကျိုးကျေးဇူးအများကြီးရမယ်လို့ ယူဆနေကြောင်းဆိုပါတယ်။ ဆက်တီယန်အတွက်ရော၊ လိဒ်ယူနိုက်တက်အတွက်ပါ ဒီသတင်းက ရင်ပူစရာသတင်းတစ်ခုအဖြစ် ရှိနေခဲ့ပါပြီ။ 


Author


က္က