အက်သလက်မှာ ချန်ပီယံလိဂ်ပွဲအတွက် ပေါ်တူဂီမလာခင် ကစားသမား၂ဦး ကိုဗစ်ပိုးတွေ့ထားခဲ့တာပါ။

အက်သလက် အသင်းမှာကစားသမား၂ဦး ကိုဗစ်ပိုးတွေ့ခဲ့လို့ လိုက်ပ်ဇက်နဲ့ကစားမယ့် ကွာတားဖိုင်နယ်ပွဲစဥ်ကို ပြန်လည်စီစဥ်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် အခုအခါ ပုံမှန်အတိုင်း ကစားစေတော့မှာပါ။

တနင်္ဂနွေနေ့က အက်သလက်တီကိုအသင်းရဲ့ ကစားသမား ၂ဦးမှာကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် မူလက အက်သလက်တီကိုအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့် ပယ်ဖျက်မယ်အထိ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။



ဒါပေမယ့်လည်း ဒီကနေ့ညမှာတော့ လိုက်ပ်ဇက်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဥ်ကို အခြားသော ပွဲစဥ်တွေနည်းတူ ပုံမှန်အတိုင်း ကျင်းပသွားမယ်လို့ ယူအီးအက်ဖ်အေ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောလာတယ် လို့ BeSoccer သတင်းဌာနက ဖော်ပြလာပါတယ်။

“မူလအစီအစဥ်အတိုင်း ကစားစေပါမယ်၊အနည်းဆုံး ကျန်းမာတဲ့ ကစားသမား ၁၃ဦးရှိဖို့လိုပြီး အက်သလက်တီကို အသင်းမှာသတ်မှတ်ချက်နဲ့ ပြည့်မီတဲ့အတွက် မူလအတိုင်း ပုံမှန်ကစားစေမှာ ဖြစ်ပါတယ်။”လို့ အဆိုပါ ပြောရေး ဆိုခွင့်ရှိသူက ဆိုပါတယ်။

အက်သလက်တီကိုအသင်းကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ - “ ကစားသမား ၂ဦးကိုဗစ်တွေ့ခဲ့ပေမယ့် သူတို့ နှစ်ဦးစလုံးကို နေအိမ်တွေမှာ သီးသန့် ကွာရန်တင်း ဝင်နေစေပြီ ဖြစ်ပါတယ်။”လို့ ပါရှိပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့လိုက်ပ်ဇက်အသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဥ်မှာအနိုင်ရတဲ့အသင်းက အတ္တလန္တာကို ၂-၁နဲ့ အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် ကစားရမှာပါ။

Share

Loading Next Article...
က္က