အထူး ‌စောင့်ကြည့်ရမယ့်အသင်း‌တွေပါ။

မနှစ်က အေဂျက်အသင်း မထင်မှတ်ထားတာတွေ လုပ်ပြခဲ့သလို ဒီနှစ်မှာလည်း ဒီ ၃သင်းက ပရိသတ်တွေကိုမထင်မှတ်ထားတာတွေ လုပ်ပြဖို့ ရှိနေတာပါ။

Image result for champions league 2019-20



၂၀၁၉-၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ ၁၆ သင်းအဆင့် ပထမအကျော့ကို ကစားနေတာ တစ်ဝက်ကျိုးနေပါပြီ။

မနှစ်ကတော့ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ အေဂျက်အသင်းက အများမထင်မှတ်ထားတာတွေကို လုပ်ပြခဲ့ပြီး တာကို ပရိသတ်တွေ သတိထားမိပြီး ဖြစ်မှာပါ။

ရီးရဲမက်ဒရစ်၊ဂျူဗင်တပ်အသင်းတို့ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ထိ တက်လှမ်းကာ အားလုံး အံ့အားသင့်အောင် စွမ်းဆောင်နိုင်ခဲ့လို့ အသင်းက ကစားသမားအချို့လည်း အသင်းကြီး အချို့ကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

နှစ်တိုင်းမှာ အသင်းတစ်သင်းသင်း(သို့)ကစားသမားတစ်ဦးဦးကတော့ စောင့်ကြည့်ရမယ့်သူအဖြစ် အမြဲ ရှိနေတာမို့ ဒီနှစ်မှာလည်း အေဂျက်လို ပရိသတ်တွေကို မထင်မှတ်ထားတာတွေ ပြုလုပ်ပေးနိုင်စွမ်းရှိတဲ့ အသင်း ၃ သင်းရှိနေ ပါတယ်။ သူတို့ကတော့ . . . . . . . . . . . . . . . . . .

Image result for RB Leipzig  in champions league

၁။ လိုက်ပ်ဇက်

------------------

ချန်ပီယံလိဂ်အကြောင်းပြောမယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံး လိုက်ပ်ဇက်အသင်းကို ချန်လှပ်ထားလို့တော့ မရပါဘူး။ဂျူလီယန်နာဂျယ်စ်မန်းရဲ့ အဖွဲ့က ဘွန်ဒက်လီဂါမှာလည်း ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ တစ်မှတ်အကွာ အနေအထားမှာ ရှိနေတာပါ။ အုပ်စု(ဆ)မှာ လိုင်ယွန်၊ဘင်ဖီကာ၊ဇင်းနစ်တို့နဲ့ အတူကျရောက်ခဲ့ပြီး ၁၁ မှတ်ရရှိခဲ့ပါ တယ်။

၁၆ သင်းအဆင့်မှာတော့ အင်္ဂလန်အသင်းတစ်သင်းဖြစ်တဲ့ စပါးနဲ့ အဝေးကွင်း စတင်ကစားရာမှာတော့ ၁-၀ နဲ့ အနိုင်ယူပြလိုက်ပါတယ်။ ဒီနိုင်ပွဲက သူတို့အသင်း သမိုင်းတလျှောက်မှာ ပထမဆုံး အင်္ဂလန်အသင်းတစ်သင်းကို ဥရောပ ပြိုင်ပွဲမှာ အနိုင်ယူဖူးတာ ဖြစ်လာပါတယ်။ဒါကြောင့် လီဗာပူးအသင်းက စောင့်ကြည့်ချိတ်ဆက်နေတဲ့ တီမို ဝါနာ ဦးဆောင်တဲ့ တိုက်စစ်နဲ့ လိုက်ပ်ဇက်အသင်းကို ဒီနှစ်မှာ အထူးစောင့်ကြည့်ရမှာ ဖြစ်ပြီး နောက်ထပ် ထူးခြားတဲ့ ရလဒ်တွေ ဘယ်လိုတွေ ဖန်တီးမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Image result for dotmund  in champions league

၂။ ဒေါ့မွန်

-------------

လူစီယန် တာဝန်ယူပြီးချိန်ကစပြီး ဒေါ့မွန်အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါတယ်။ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်ကို မကျော်လွှားနိုင်ပဲ ရှိနေပေမယ့် ဒီနှစ်မှာတော့ အနီးကပ် ဖိအားပေးနေနိုင်ပါတယ်။ချန်ပီယံလိဂ် မှတော့ မရဏ အုပ်စုလို့ တင်စားရမယ့် ဘာစီလိုနာ၊အင်တာမီလန်၊ဆလားဗီးယား ပရာဂါတို့ ပါဝင်နေတဲ့ အုပ်စုမှာ ကျရောက်ခဲ့ပြီး ဘာစီလိုနာနဲ့အတူ နောက်တစ်ဆင့်ကို တက်လာတာက အထင်ကြီးစရာပါ။

နောက်ဆုံး ကစားထားတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အိမ်ကွင်းပွဲမှာတော့ တိုက်စစ်မှူး ဟာလန်းရဲ့ ၂ ဂိုးနဲ့ ဧည့် သည် ပီအက်စ်ဂျီကို ၂-၁နဲ့ အနိုင်ယူခဲ့တာကလည်း အထင်ကြီးစရာပါ။ ထောင်ထောင်မောင်းမောင်းနဲ့ ဂိုးသွင်းကောင်းတဲ့ ဟာလန်းကို ဂျော်ဒန်ဆန်ချို၊မာကိုရူးစ်တို့ ဝန်းရံထားပြီး ကွင်းလယ်မှာ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ ဝီလ်ဆဲ၊အမ်မရီချမ်တို့ က ပံ့ပိုးပေးထားတဲ့ ဒေ့ါမွန်ရဲ့ အစုအဖွဲ့ကလည်း ထူးခြားတဲ့ ပုံစံတွေ ချပြလာဦးမှာပါ။

Image result for manchester city in champions league

၃။ မန်စီးတီး

--------------

မန်စီးတီးကို ဘဏ္ဍာရေး စည်းမျဥ်း ချိုးဖောက်တယ်ဆိုပြီး ဥရောပပွဲ ကစားခွင့် ၂ နှစ်ပိတ်ပင်ခဲ့ပြီး အယူခံ ဝင်ခွင့်ရှိ ပေမယ့် မအောင်မြင်ပါက သေချာပေါက် ပိတ်ခံရမယ်ဆိုတာကို ပြောတာလည်း များနေပါပြီ။ အယူခံစောင့်တာက တစ်ပိုင်း ဒီနှစ်မှာ ကန်စရာရှိတာက တစ်ပိုင်းမို့လို့ လာမယ့် အပတ်မှာတော့ ပတ်ရဲ့ မန်စီးတီးက ရီးရဲနဲ့ ၁၆သင်း အဆင့် ပ-ကျော့ ကစားရမှာပါ။



ဥရောပဖလားရဖို့ အဆင့်သတ်မှတ်ချက်မှာ မန်စီးတီးက အဆင့်ကောင်းကောင်းရှိမနေတာက ဆီမီးဖိုင်နယ်အဆင့် ထိတောင် မတက်လှမ်းထားနိုင်လို့ပါ။ဒါပေမယ့်လည်း ဒီနှစ်မှာ ဥရောပဖလားမအောင်မြင်ရင် ထုတ်ခံရမယ်လို့သတင်းထွက်နေတဲ့ ပတ်နဲ့ ကစားသမားကောင်းတွေ ဖြစ်တဲ့ အဂူရို၊ဒီဘရိုင်း၊စတားလင်း၊မာရက်ဇ် အစရှိတဲ့ သူတွေကြောင့် ဒီနှစ်က မန်စီးတီးတို့ နောက်ဆုံံး ထွက်သက် တိုက်ပွဲအဖြစ် ဖမ်းစားသွားမလားဆိုတာက လည်း စိတ်ဝင်စားဖို့ ကောင်းနေတာပါ။

Share

Loading Next Article...
က္က