ခြေကျင်းဝတ်ဒဏ်ရာက ပျောက်ကင်းသက်သာသွားခဲ့ပါပြီ။
Pyae Phyo Thein

ပြင်သစ်တိုက်စစ်မှူးရဲ့ အခြေအနေဟာ ကောင်းမွန်သွားပြီလို့သိရပြီး လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ခြေကျင်းဝတ်ဒဏ်ရာကြောင့် အတ္တလန္တာနဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ ဘတ်ပီဟာ လိုက်ဇစ််နဲ့ပွဲကိုတော့ ပွဲထွက်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။ ပီအက်စ််ဂျီနည်းပြတူချယ်လ်က အတည်ပြုပြောဆိုခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ အခြေအနေဟာ ကောင်းမွန်သွားပြီလို့သိရပြီး လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘတ်ပီဟာ အတ္တလန္တာနဲ့ပွဲမှာ အသင်းအတွက် အရေးကြီးတဲ့အချိန်ကို ဝင်ရောက်ကစားပေးခဲ့ပြီး ပြိုင်ဘက်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး အသင်းတိုက်စစ်ပိုင်းအတွက် အကျိုးပြုနိုင်တဲ့ကစားသမားဆိုတာကို ဒဏ်ရာအကင်းမသေသေးဘဲ ဝင်ရောက်ကစားပြီး သက်သေပြနိင်ခဲ့ပါတယ်။ 

"အတ္တလန္တာနဲ့ပွဲမှာ သူ မိနစ် ၃၀ လောက် ကစားနိုင်ခဲ့ပြီး သူ့ခြေကျင်းဝတ်ဒဏ်ရာက ဘာပြသနာမှမရှိတော့ပါဘူး၊ ဒါကြောင့် သူ ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့ပါတယ်၊ သူ ပွဲထွက်ကစားပေးနိုင်ခဲ့မယ်ဆိုရင်တော့ မိနစ် ၉၀ အပြည့်ကစားပေးနိုင်မလားဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်" လို့ တူချယ်လ်က ပြောဆိုခဲ့ကြောင်း 90 minutes က ဖော်ပြခဲ့ပါတယ်။ 

ပီအက်စ်ဂျီကတော့ ကွာတားဖိုင်နယ်အဆင့်မှာ နောက်ဆုံးမိနစ်သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ ဘတ်ပီပါဝင်လာခဲ့မယ်ဆိုရင်တော့ နေမာနဲ့ တွဲဖက်ကာ အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်ကစားနိုင်မှာဖြစ်ပြီး ခြေစွမ်းပြနေတဲ့ လိုက်ဇစ်အတွက် ကြီးမားတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က