မက်ဆီတစ်ဦးတည်းက လိုင်ယွန်အသင်းဖက်ကို ဂိုးပေါက် ၉ ကြိမ်ကန်သွင်းခဲ့တာဟာ လိုင်ယွန်တစ်သင်းလုံးထက် ၄ ကြိမ်ပိုများနေပါတယ်။
ဘာစီလိုနာက အဝေးကွင်းမှာ လိုင်ယွန်ကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ လိုင်ယွန် ဂိုးပေါက်ကို ၉ ကြိမ်အထိ ကန်သွင်းနိုင်ခဲ့ပါတယ်။ အခုလို ပြိုင်ဖက် ဂိုးပေါက်ကို ၉ ကြိမ်အထိ ကန်သွင်းနိုင်တာဟာ မက်ဆီအတွက် ဒီရာသီ အမြင့်ဆုံး စွမ်း ဆောင်ရည်လို့ BBC SPORTက ဖော်ပြထားပါတယ်။
အခုလို တစ်ဂိုးမှ မသွင်းနိုင်ပဲနဲ့ ပြိုင်ဖက် ဂိုးပေါက်ကို ၉ ကြိမ်အထိ ထိုးဖောက်နိုင်ခဲ့တာကတော့ ဒီရာသီ မက်ဆီအတွက် အများဆုံး ကန်သွင်းနိုုင်မှုလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး တစ်ဂိုးမှ မသွင်းနိုင်ပဲ ပြိုင်ဖက် ဂိုးပေါက်ကို ၉ ကြိမ်အထိ အများဆုံး ကန်သွင်းထားသူတွေလည်း ရှိပါတယ်။
သူတို့ကတော့ ဘာစီလိုနာ ကစားဖော် ဆွာရက်ဇ်ဖြစ်ပြီး နိုဝင်ဘာလက ကစားခဲ့တဲ့ အင်တာမီလန်နဲ့ပွဲမှာ ဖြစ်သလို နောက်တစ်ဦးကတော့ ဂျူဗင်တပ်အသင်းက ရော်နယ်ဒိုက ဗလင်စီယာနဲ့ပွဲမှာ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
မက်ဆီအခုလို လိုင်ယွန်အသင်းဖက်ကို ဂိုးပေါက် ၉ ကြိမ်အထိ ကန်သွင်းနိုင်ခဲ့တာဟာလည်း လိုင်ယွန်တစ်သင်းလုံးရဲ့ ဘာစီလိုနာဖက်ကို ဂိုးကန်သွင်းနိုင်မှုထက် ၄ ကြိမ် ပိုများနေတာလည်း တွေ့ရပါတယ်။
ဒါပေမယ့်လည်း ဂိုးမရှိသရေကျခဲ့လို့ ဘာစီလိုနာ နည်းပြ ဗယ်လ်ဗာဒီက နောက်တစ်ဆင့်တက်ဖို့ သေချာတဲ့ အနေအထားမဟုတ်ဖူးလို့ ငြီးတွားခဲ့ပါသေးတယ်။ ဒုတိယအကျော့ကိုတော့ ဘာစီလိုနာက လာမယ့် မတ်လ ၁၃ ရက်နေ့မှာ အိမ်ကွင်းပြန်လည် လက်ခံကစားရမှာ ဖြစ်ပါတယ်။