ဘာစီလိုနာမှာ ဒူးဒဏ်ရာသွားရောက်ကုသနေတာပါ။
Pyae Phyo Thein

ဒူးဒဏ်ရာရရှိထားလို့ အဂူရိုဟာ ဇွန်လအတွင်းက ဘာစီလိုနာမြို့ကို သွားရောက်ခွဲစိတ်ကုသခံခဲ့ရပြီး လက်ရှိအချိန်အထိ အသင်းအတွက်ကစားပေးနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာစီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူးအဂူရိုဟာ လိုင်ယွန်နဲ့ကစားရမယ့် ဒီနေ့ညပွဲစဉ်ကို ထပ်မံလွဲချော်ဦးမယ်လို့သိရပါတယ်။ ဒူးဒဏ်ရာရရှိထားလို့ အဂူရိုဟာ ဇွန်လအတွင်းက ဘာစီလိုနာမြို့ကို သွားရောက်ခွဲစိတ်ကုသခံခဲ့ရပြီး လက်ရှိအချိန်အထိ အသင်းအတွက်ကစားပေးနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ 

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်စီးတီးရဲ့ နောက်ဆုံး ၁၁ ပွဲကို လွဲချော်ထားခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိ်န်ထိ အဂူရိုဟာ ဘာစီလိုနာမှာရှိနေဆဲဖြစ်တယ်လို့ နည်းပြဂွာဒီယိုလာက အတည်ပြုခဲ့ပြီး လစ္စဘွန်းမှာကစားရမယ့်ပွဲကို ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ အသိပေးခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ 

"သူက အခုထိ ဘာစီလိုနာမှာပဲရှိနေသေးပြီး ပြန်လည်သက်သာလာစေဖို့ အားထုတ်နေရပါတယ်" လို့ ဂွာဒီိယိုလာက ပြောဆိုခဲ့ပါတယ်။ မန်စီးတီးကတော့ လိုင်ယွန်ကို အနိုင်ရရှိခဲ့မယ်ဆိုပါက ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး လိုင်ယွန်နဲ့ပွဲက ဘာမဆိုဖြစ်လာနို်င်တယ်လို့ နည်းပြဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

"ဘာမဆိုဖြစ်သွားနိုင်ပါတယ်၊ ဒါက ရှုံးထွက်ပွဲစဉ်ပါ၊ ဒါပေမယ့် ကျွန်တော်တို့အသင့်ဖြစ်နေပါပြီ၊ ဖိအားတွေကတော့ ရှိနေမှာပါပဲ၊ ဒါပေမယ့် အဲဒီဖိအားတွေကို အခြားအသင်းတွေအားလုံးလည်း ဒီဖိအားတွေကိုခံစားနေရမှာပါ၊ ပေါ်တူဂီမှာ ကစားရတာက ကွဲပြားခြားနားမှုတွေရှိပါတယ်၊ ပုံမှန်ဆိိုရင် ပထမအကျော့ကို ကစားနေချိန်မှာပဲ ဒုတိယအကျော့အတွက် ကျန်မျက်လုံးတစ်ဖက်ကို ဖွင့်ထားရတာပါ" လို့ ဂွာဒီယိုလာက ဆက်ပြောခဲ့ပါတယ်။ 


ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ အင်္ဂါနေ့မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ လိုက်ဇစ်အသင်းတို့ ကစားသွားမှာဖြစ်ပါတယ်။ 


Author


က္က