မနက်ဖြန်နံနက် ၁း၃၀ နာရီမှာ ကစားသွားမှာပါ။
Pyae Phyo Thein

နည်းပြဆာရီရဲ့ ပြောဆိုမှုအရ ဒီဘာလာဟာ လေ့ကျင့်ခန်းတောင် ကောင်းကောင်းလုပ်နိုင်ခဲ့ဖွယ်မရှိဘဲ ဆေးအဖွဲ့ရဲ့ အနီးကပ်ကုသမှုကို ခံယူနေရတယ်လို့ သိရပြီး ရော်နယ်ဒိုကတော့ ကြံ့ခိုင်မှုပြည့်ဝနေတယ်လို့ သိရပါတယ်။ 


လိုင်ယွန်နဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်ကို ဂျူဗီတိုက်စစ်မှူးဒီဘာလာ ပါဝင်ကစားဖို့ မသေမချာဖြစ်နေပါတယ်။ နည်းပြဆာရီရဲ့ ပြောဆိုမှုအရ ဒီဘာလာဟာ လေ့ကျင့်ခန်းတောင် ကောင်းကောင်းလုပ်နိုင်ခဲ့ဖွယ်မရှိဘဲ ဆေးအဖွဲ့ရဲ့ အနီးကပ်ကုသမှုကို ခံယူနေရတယ်လို့ သိရပြီး ရော်နယ်ဒိုကတော့ ကြံ့ခိုင်မှုပြည့်ဝနေတယ်လို့ သိရပါတယ်။ 

အရေးကြီးတဲ့ အဆုံးအဖြတ်ပွဲစဉ်ကို ကစားရမယ့်အချိန်မှာ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားကို ဂျူဗီတို့ လက်လွှတ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့က ကစားခဲ့တဲ့ ဆမ်ဒိုးရီးယားနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဒီဘာလာဟာ ကယ်ဂလီယာရီ၊ ရိုးမားတို့နဲ့ပွဲတွေကိုလည်း လွဲချော်ခဲ့ပြီး ပေါင်ဒဏ်ရာရရှိနေတာလို့ သိရပါတယ်။

"သူ လေ့ကျင့်ရေးကွင်းမှာ တစ်ခုခုလုပ်ပြနေတာကို ကျွန်တော်မြင်ခဲ့ရပေမယ့်လည်း ဆေးအဖွဲ့ရဲ့လက်ထဲမှာပဲ ရှိနေပါသေးတယ်၊ မနက်ဖြန်မနက်ပိုင်းမှာ သူ့အခြေအနေဘယ်လိုရှိမလဲ မြင်ရမှာပါ၊ အဲဒီနောက်မှာတော့ သူ ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကို ဆေးအဖွဲ့နဲ့ ပြောဆိုသွားရဖို့ရှိနေပါတယ်၊ ရော်နယ်ဒိုကတော့ ကြံ့ခိုင်မှုအပြည့်အဝရှိနေပါတယ်"

"သူ လေ့ကျင့်ကွင်းမှာလည်း ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး တော်တော်လေးအံ့အားသင့်စရာကောင်းတဲ့ ဂိုးကို မနေ့က သွင်းပြခဲ့တာ ကျွန်တော်တွေ့ပါတယ်၊ အချိန်အနည်းငယ်အတွင်း ပွဲအများကြီး သူကစားခဲ့ရလို့ အနားပေးထားခဲ့တာပါ၊ အခုတော့ သူ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်နေပြီး ဒီပွဲအတွက် မှန်ကန်တဲ့နည်းလမ်းနဲ့ လေ့ကျင့်နေပါတယ်" လို့ ဆာရီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်နဲ့ လိုင်ယွန်တို့ရဲ့ပွဲကိုတော့ မနက်ဖြန်နံနက် ၁း၃၀ နာရီမှာ ကစားသွားမှာဖြစ်ပါတယ်။ ဂျူဗီအနေနဲ့ ပထမအကျော့မှာ ၁-၀ နဲ့ အရေးနိမ့်ထားခဲ့လို့ ဒီပွဲကို ၂ဂိုးပြတ်နဲ့အနိုင်ရဖို့လည်း လိုအပ်နေပါတယ်။ 


Author


က္က