ပထမအကျော့မှာ ၁-၀ နဲ့ အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

စီးရီးအေရဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့တဲ့ ဆက်ဇနီက ကွာတားဖိုင်နယ်ကို ရော်နယ်ဒိုရဲ့စွမ်းဆောင်မှုနဲ့ တက်လှမ်းနိုင်မယ်လို့လည်း ယုံကြည်နေတာဖြစ်ပါတယ်။ 


အသင်းဖော်တိုက်စစ်မှူးရော်နယ်ဒိုဟာ နောက်ထပ်အံ့ဖွယ်သရဲစွမ်းဆောင်ရည်ကို လိုင်ယွန်နဲ့ပွဲမှာ ပြသဖို့ အသင့်ဖြစ်နေပြီလို့ ဂျူဗင်တပ်စ်ဂိုးသမားဆက်ဇနီက ပြောဆိုလိုက်ပါတယ်။ စီးရီးအေရဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့တဲ့ ဆက်ဇနီက ကွာတားဖိုင်နယ်ကို ရော်နယ်ဒိုရဲ့စွမ်းဆောင်မှုနဲ့ တက်လှမ်းနိုင်မယ်လို့လည်း ယုံကြည်နေတာဖြစ်ပါတယ်။ 

ဂျူဗီအနေနဲ့ ပထမအကျော့မှာ ၁-၀ နဲ့ အရေးနိမ့်ထားလို့ အိမ်ကွင်းမှာ အနည်းဆုံး ၂ဂိုးပြတ်အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဆာရီရဲ့ အသင်းဟာ စီးရီးအေချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ပေမယ့်လည်း အသင်းစွမ်းဆောင်ရည်ပိုင်းညံ့ဖျင်းတာကြောင့် ဝေဖန်ခံနေရပြီး လိုင်ယွန်နဲ့ပွဲမှာ အဆိုပါဝေဖန်မှုတွေကို ချေဖျက်ပစ်ဖို့ ကြိုးစားရမှာလည်းဖြစ်ပါတယ်။ 

"အသင်းက အသင့်ဖြစ်နေပြီလို့ ကျွန်တော်ယုံကြည်ပါတယ်၊ အခုအခြေအနေက အက်သလက်တီကိုနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မတိုင်ခင် အခြေအနေမျိုးနဲ့တူညီနေပါတယ်၊ ဒီနှစ်မှာလည်း ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ်လုပ်ပြနိုင်မှာပါ၊ ရော်နယ်ဒို ဟက်ထရစ်ရမှာလားဆိုရင်တော့ သူ ဒါကို နောက်ထပ်လုပ်ပြနိုင်မယ်ဆိုတာကို ဘယ်သူကမှ သံသယရှိမှာမဟုတ်ပါဘူး"

"သူ့ရဲ့ထုံးစံအတိုင်းပဲ အဆုံးအဖြတ်ပေးသွားဖို့ရှိနေမှာပါ၊ နောက်ထပ်တစ်ကြိမ် အံ့ဖွယ်သရဲစွမ်းဆောင်မှုမျိုးကို သူ လုပ်ပြဖို့အသင့်ဖြစ်နေပါပြီ" လို့ ဆက်ဇနီက ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဂျူဗီဟာ အက်သလက်တီကိုကို အဝေးကွင်းမှာ ၂-ဝနဲ့အရေးနိမ့်ခဲ့ပြီးမှ အိမ်ကွင်းမှာ ရော်နယ်ဒိုရဲ့ ဟက်ထရစ်နဲ့အနိုင်ယူကာ ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

လိုင်ယွန်နဲ့ပွဲမှာ အလားတူစွမ်းဆောင်မှုမျိုးကို ရော်နယ်ဒိုလုပ်ပြနိုင်မယ်လို့ ဆက်ဇနီကယုံကြည်နေပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗီအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၃၅ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ဆက်ဇနီမျှော်လင့်ထားသလို ရော်နယ်ဒို လုပ်ပြနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 



က္က