လိုက်ဇစ်နဲ့ပွဲမှာ အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့သူပါ။
Pyae Phyo Thein

အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် ပီအက်စ်ဂျီအသင်းက တက်ရောက်နိုင်ခဲ့ပြီး ဒီမာရီယာက အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။


ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လိုက်ဇစ်ကိုအနိုင်ယူပြီး ပီအက်စ်ဂျီအသင်းဗိုလ်လုပွဲတက်ခဲ့ပြီးနောက် အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဒီမာရီယာက အိပ်စက်ဖို့ခက်ခဲတဲ့ညတစ်ညဖြစ်လာလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းရရှိခဲ့တဲ့ သွင်းဂိုးအားလုံးမှာ ပါဝင်ပတ်သက်ခဲ့ပြီး တစ်ဂိုးသွင်းကာ ၂ကြိမ်ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ 

အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် ပီအက်စ်ဂျီအသင်းက တက်ရောက်နိုင်ခဲ့ပြီး ဒီမာရီယာက အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ သူဂိုးသွင်းယူခဲ့တဲ့ ချန်ပီယံလိဂ် ၁၇ ပွဲစလုံးကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ဒီမာရီယာက အသင်းနဲ့အတူ ဆုဖလားကိုင်မြှောက်သွားဖို့လည်း ရည်ရွယ်ထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော်တို့ အရမ်းပျော်ရွှင်နေကြပါတယ်၊ အသင်းအတွက် တကယ်ကိုခမ်းနားတဲ့နိုင်ပွဲတစ်ပွဲဆိုတာ သေချာပါယ်၊ အသင်းအတွက် အခုလိုသမိုင်းရေးထိုးပေးချင်ခဲ့ကြတာပါ၊ ကျွန်တော်တို့ အောင်မြင်ခဲ့ပါပြီ၊ အသင်းကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒါက အရမး်အရေးကြီးပါတယ်၊ ဒီနေ့လိုစွမ်းဆောင်ရည်မျိုးနဲ့ဆိုရင် ဗိုလ်လုပွဲကိုလည်း အနိုင်ယူနိုင်မှာပါ"

"ဒီညကတော့ အိပ်ပျော်နိုင်ဖို့ ခက်ခဲမှာပါ၊ ကျွန်တော်တို့က တခြားသောလိဂ်တွေနဲ့ အဆင့်အတန်းချင်းတူညီတယ်ဆိုတာကို ပြသနိုင်ခဲ့ပြီးတေ့ နောက်ပွဲမှာ ဘိုင်ယန်နဲ့ပဲတွေ့တွေ့၊ လိုင်ယွန်နဲ့ပဲတွေ့တွေ့ အကောင်းဆုံးပုံစံနဲ့ ကစားသွားမှာပါ" လို့ RMC Sport ကို ဒီမာရီယာက ပြောဆိုသွားခဲ့ပါတယ်။ 

အသက် ၃၂နှစ်အရွယ် အာဂျင်တီးနားတောင်ပံကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ၂၀၁၃-၁၄ ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးခဲ့ပြီး ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ 


Author


က္က