ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို မချီးမြှင့်တော့ဘူးလို့ အတည်ပြုပြီးပါပြီ။
Pyae Phyo Thein

ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲကစားပေးထားပြီးတော့ ၅၁ ဂိုးအထိ လီဝန်ဒေါစကီးကသွင်းယူပေးထားကာ ပြည်တွင်းဖလားတွေဖြစ်တဲ့ ဘွန်ဒက်လီဂါနဲ့ ပိုကယ်ဖလားတို့ကို ဆွတ်ခူးပေးထားပြီးဖြစ်ပါတယ်။


ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို ပေးအပ်ချီးမြှင့်တော့မှာမဟုတ်ဘူးလို့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အတည်ပြုခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးရရှိမယ့်ဆုဟာ လုယူခံလိုက်ရပြီလို့ foxsports austrilia က တင်စားရေးသားသွားခဲ့ပါတယ်။ ဒီရာသီမှာ ဘိုင်ယန်အတွက်ခြေစွမ်းပြနေတဲ့ လီဝန်ဒေါစကီးဟာ ဒီနှစ်ရဲ့ဘလွန်းဒီအောဆုကိုရရှိမယ်လို့ ရေပန်းစားနေခဲ့သူဖြစ်ပါတယ်။

ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲကစားပေးထားပြီးတော့ ၅၁ ဂိုးအထိ လီဝန်ဒေါစကီးကသွင်းယူပေးထားကာ ပြည်တွင်းဖလားတွေဖြစ်တဲ့ ဘွန်ဒက်လီဂါနဲ့ ပိုကယ်ဖလားတို့ကို ဆွတ်ခူးပေးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်က ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့သေချာသလောက်ဖြစ်နေပြီး ဗိုလ်စွဲဖို့အထိပါရေပန်းစားနေခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးရဲ့အဖြစ်ဟာ ရှနိုက်ဒါ၊ ရီဘာရီတို့လိုမျိုး ဆုရရှိသင့်တဲ့နှစ်မှာ မရရှိဘဲလွဲချော်ခဲ့ရတာထက် ပိုမိုဆိုးရွားနေတယ်လို့ ပရိသတ်တွေကလည်း ပြောဆိုနေခဲ့ကြပါတယ်။ ရှနိုက်ဒါ နဲ့ ရီဘာရီတို့ဟာ ဆုအတွက် ရွေးချယ်ခံခဲ့ရပြီး ပြိုင်ဆိုင်ခွင့်ရှိခဲ့ပေမယ့် လီဝန်ဒေါစကီးကတော့ ပြိုင်ဆိုင်ခွင့်တောင်မရှိခဲ့တာကြောင့် ပိုပြီးအဖြစ်ဆိုးနေတယ်လို့ ပရိသတ်တချို့က ဝေဖန်ခဲ့ကြပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Pascal Farre က "၂၀၂၀ ဆုပေးပွဲကို ပြုလုပ်သွားမှာမဟုတ်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ အသေအချာစဉ်းစားဆွေးနွေးခဲ့ပြီးနောက် ရွေးချယ်ဖို့အတွက် မဖြစ်နိုင်ခဲ့လို့ပါ၊ အခြားသောနှစ်တွေနဲ့မတူညီတဲ့အခြေအနေဖြစ်လို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်ခဲ့လို့ပါ" လို့ ပြောဆို
သွားခဲ့ပါတယ်။ 


"ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကစားခဲ့တဲ့ပွဲတွေက ဒီဆုကို ဘယ်သူရရှိသင့်လဲဆိုတာကို ရွေးချယ်ရာမှာ အရေးပါတဲ့လတွေဖြစ်ပါတယ်၊ ကွင်းပိတ်ကစားတာ၊ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံပြောင်းလဲကျင်းပတာတွေလည်းရှိခဲ့ပြိး တူညီတဲ့အနေအထားမှာ ကစားသမားတွေမရှိတော့ပါဘူး၊ ဒီအတွက် ဘယ်လိုမျိုးတရားမျှတတဲ့ နှိုင်းယှဉ်မှုကိုပြသနိုင်မှာလဲ" လို့ သူကထပ်ပြောခဲ့ပါတယ်။ 


Author


က္က