ဂျော်ဂျီယာ နိုင်ငံက အဆိုပါ သက်တံရောင် လက်ပတ်ဝတ်ဆင်ခြင်းကို တားမြစ်ထားတာဖြစ်တာကြောင့်လည်း ဂျော်ဂျီယာ ဘောလုံးအဖွဲ့ချုပ်က ဂူရမ်ကိုအခုလိုပဲ လက်ရွေးစင်အဖြစ် မရွေးတော့တာလည်း ဖြစ်ပါတယ်။
Photo - BBC 
ဂျော်ဂျာီယာနိုင်ငံတွင်းမှာ LGBT လူ့အဖွဲ့အစည်းကို ဆန့်ကျင်း ဆန္ဒပြနေတဲ့သူတွေက အဓိကရုဏ်းများ၊မီးခိုးဗုံးများ ပစ်ပေါက်ခွဲခြင်းများ ပြုလုပ် နေကြပါတယ်။
သောကြာနေ့ နံနက်ခင်း နောက်ဆုံးရ အားကစားသတင်းတိုများ
ဂျော်ဂျီယာ နိုင်ငံက လက်မခံတဲ့ LGBT လူ့အဖွဲ့အစည်းဖက်မှ ဂျော်ဂျီယာ လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်သလို ဒုတိယအသင်းခေါင်း ဆောင်လည်း ဖြစ်တဲ့ ဂူရမ် ကာရှီယာက ၎င်းရဲ့ ကလပ်အသင်းနဲ့ ကစားခဲ့တဲ့ ဒတ်ချ်ပြည်တွင်းလိဂ်ပွဲစဉ်မှာ သက်တံရောင် လက်ပတ်ကို ဝတ်ဆင် ကစားခဲ့တာလည်း ဖြစ်ပါတယ်။
Photo - udf.by
ဒီလက်ပတ်ကတော့ လူတန်း စားမခွဲခြားပဲ အားလုံးကို တစ်သားတည်း လူ့အခွင့်အရေး ရစေလိုတယ်ဆိုတဲ့ သဘောကို သက်ရောက်စေခဲ့တာ ဖြစ်ပြီး ဒါကြောင့်လည်း အခုတော့ ဂျော်ဂျီယာ လက်ရွေးစင်အဖြစ်ကနေ ချန်လှပ်ခြင်းခံလိုက်ရပါပြီ။
" ကျွန်တော်က အမြဲတမ်း ညီတူညီမျှ ဖြစ်ရေးကို ထောက်ခံသူ တစ်ယောက်ပါ။လူတိုင်းလူတိုင်း တူညီတဲ့ အခွင့်အရေးတွေကို ရဖို့ ကျွန်တော် ဘယ်မှာ ကစားကစား ထောက်ခံကူညီနေမှာပါ။" လို့ ဂူရမ်က ပြောပါတယ်။
Photo - RFE/RL
ဂျော်ဂျီယာ နိုင်ငံက အဆိုပါ သက်တံရောင် လက်ပတ်ဝတ်ဆင်ခြင်းကို တားမြစ်ထားတာဖြစ်တာကြောင့်လည်း ဂျော်ဂျီယာ ဘောလုံးအဖွဲ့ချုပ်က ဂူရမ်ကိုအခုလိုပဲ လက်ရွေးစင်အဖြစ် မရွေးတော့တာလည်း ဖြစ်ပါတယ်။
ဂူရမ်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လကမှ ဂျော်ဂျီယာအသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ကစားခဲ့သေးပေမယ့်လည်း အခုတော့ ၎င်းရဲ့ စာနာစိတ်ကြောင့် လက်ရွေးစင်အိပ်မက် ပျက်ပြယ်ခဲ့ရပြီလည်းဖြစ်ပါတယ်။
ဒီ စိတ်ရင်းကို လေးစားတဲ့အနေနဲ့ ယူအီးအက်ဖ်အေ(ဥရောပဘောလုံးအဖွဲ့ချုပ်)က "qualGame award" ကို ပေးအပ်ချီးမြှင့်လိုက်တယ်လို့လည်း သိရပါတယ်။
"ဂူရမ်က LGBT လူ့အဖွဲ့အစည်းကို အဓိက ထောက်ခံနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီဆုကိုရရှိဖို့လည်း ထိုက်တန်မှု ရှိပါတယ်။" လို့ ယူအီး အက်ဖ်အေ ဥက္ကဌ အလက်ဇန္ဒား စီဖရန်က ပြောခဲ့ပါတယ်။
၎င်းရဲ့ လုပ်ရပ်အပေါ်မှာတော့ ဂျော်ဂျီယာ ဒေသတွင်းက လူ့အဖွဲ့အစည်းတော်တော်များများက မကျေနပ်ကြပဲ ရှိနေကြပါတယ်။ " လူတိုင်း အခွင့် အရေး ဆတူ ရသင့်တယ်လို့ထင်ပါတယ်။ဘယ်သူတွေ ဘယ်လိုတွေပဲ ယုံကြည်မှုရှိရှိ ဘယ်သူတွေ ဘာတွေပဲ ဖြစ်နေဖြစ်နေ အားလုံး အခွင့်အရေး ဆတူ ရဖို့ ထိုက်တန်ပါတယ်။" လို့ ဂူရမ်က ထပ်မံ ပြောခဲ့ပါသေးတယ်။
လက်ရှိ ယူအီးအက်ဖ်အေက ပေးအပ်ထားတဲ့ ဆုကိုတော့ လာမယ့် သြဂုတ်လ ၃၀ ရက်နေ့မှာ ကစားမယ့် ဂါလာအသင်းနဲ့ ပွဲစဉ်မှာ ၎င်းကို ပေး အပ်သွားမယ်လို့လည်း သိရပါတယ်။
ဂူရမ် အခုလို ထောက်ခံခဲ့တဲ့ LGBT လူ့အဖွဲ့အစည်းရဲ့ အရှည်ကောက်ကတော့ ((lesbian, gay, bisexual, transgender) တွေကို စုစည်း ဖော် ပြထားတဲ့ လူ့အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။