ဗီဒယ်ကိုယ်တိုင်ကလည်း ရောင်းခံရမယ့် ကစားသမားစာရင်းမှာ ပါဝင်နေသူပါ။
Kyaw Ko Ko Sint

ဘာစီလိုနာအသင်းရဲ့ လက်ရှိအခြေအနေကို ပြောခဲ့တာ ဖြစ်ပြီး ကစားသမားအရောင်းအဝယ်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ခဲ့ပါတယ်။

လက်ရှိအချိန် ဘာစီလိုနာအသင်းမှာ ပွဲကစားဖို့အတွက် ပရော်ဖက်ရှင်နယ် ကစားသမား ၁၃ဦးသာ ရှိနေတယ်လို့ ကွင်းလယ်လူ ဗီဒယ်က ပြောလာပါတယ်။

ဗီဒယ်ကတော့ ဘာစီလိုနာမှာ နည်းပြသစ် ရော်နယ်ကိုးလ်မန်း ရောက်ရှိလာသည့်အချိန် အသင်းက ရောင်းချခံရ မယ့် ကစားသမားစားရင်းမှာ ပါဝင်ခြင်း ခံထားရသူလို့လည်း Goal.comရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါကြောင့် အသင်း‌ဟောင်း ဂျူဗင်တပ်ကို ပြန်သွားဖို့ ချိတ်ဆက်နေတယ်လို့ သိရသလို အင်တာမီလန်အသင်းက လည်း ချိန်နေတယ်လို့ သိရပါတယ်။

“နောက်ဆုံး ၃နှစ်ဟာ ဘာစီလိုနာလို့ ပြောလို့ မရခဲ့ပါဘူး။ကမ္ဘာ့အကောင်းဆုံးအသင်းဟာ ပရော်ဖက်ရှင်နယ် ၁၃ဦး ထဲ မရှိသင့်ပါဘူး၊အမြဲတမ်းတော့ မနိုင်နိုင်ပါဘူး။အခုအသင်းက ထွက်မယ်လုပ်နေတဲ့ မက်ဆီက ကမ္ဘာ့အကောင်း ဆုံးပါ၊သူ့အနေနဲ့ ပံ့ပိုးပေးမယ့်သူလိုနေပြီးပိုကောင်းတာနဲ့ ထိုက်တန်သူပါ။”လို့ ဗီဒယ်က ဆိုပါတယ်။

ဒါ့အပြင် ဗီဒယ်က အသင်းရဲ့ ကစားသမားရောင်းဝယ်နေတဲ့ ပုံစံကိုလည်း ဝေဖန်ခဲ့ပြီး - “အရောင်းအဝယ်လုပ်နေ တာတွေကိုလည်း ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး။ရုပ်ဆိုးလွန်းပါတယ်။ကစားသမားတစ်ဦးက ထွက်ချင်တယ်ပဲ ဖြစ်ဖြစ်၊ကစားသမားတစ်ဦးကို ဝယ်ချင်တယ်ပဲ ဖြစ်ဖြစ် ဘယ်လိုဆိုတာ မပြောပါဘူး။တစ်ဦးအပေါ်တစ်ဦး လေး စားမှု လိုနေပါတယ်။”လို့ ဆက်လက်ပြောပါတယ်။

ဗီဒယ်က ဘိုင်ယန်မြူးနစ်အသင်းကနေ ၂၀၁၈ခုနှစ်က ပြောင်းလာခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းကနေ အခြား ဘယ်အသင်းကိုမဆို ပြောင်းခွင့်ရှိပေမယ့် အယ်ကလက်စီကို ပြိုင်ဖက် ရီးရဲအသင်းကို မပြောင်းရဘူးလို့ စာချုပ် မှာ ချုပ်ဆိုခံထားရသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က