နှစ်ပွဲသာကစားပေးရသေးတာဖြစ်ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားရောက်ရှိလာခဲ့ပြီးနောက် ယူနိုက်တက်ဗဟိုခံစစ်ပိုင်းမှာ ပုံမှန်ကစားခွင့်ဆုံးရှုံးတော့မယ့် စမောလင်းဟာ တစ်ရာသီအငှားနဲ့ ရိုးမားကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကနေ ရိုးမားအသင်းကို အငှားနဲ့သွားကစားနေတဲ့ နောက်ခံလူစမောလင်းဟာ လက်ချီနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရိုးမားအတွက် ခြေစွမ်းပြကစားပေးခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားခဲ့တယ်လို့ သိရပါတယ်။ ဟယ်ရီမက်ဂွိုင်းယားရောက်ရှိလာခဲ့ပြီးနောက် ယူနိုက်တက်ဗဟိုခံစစ်ပိုင်းမှာ ပုံမှန်ကစားခွင့်ဆုံးရှုံးတော့မယ့် စမောလင်းဟာ တစ်ရာသီအငှားနဲ့ ရိုးမားကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဗဟိုခံစစ်ပိုင်းမှာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ တန်ဇွန်ဘီ၊ ရိုဟို၊ ဖီးလ်ဂျုံးစ်၊ ဘိုင်ယီနဲ့ စမောလင်းတို့ ရှိနေခဲ့ပေမယ့် ဆိုးလ်ရှားက မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကိုသာ ဦးစားပေးကစားသမားတွေအဖြစ် အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ စမောလင်းအနေနဲ့ ယူနိုက်တက်မှာ ကာလရှည်ကစားပေးခဲ့ပေမယ့်လည်း ပုံစံကောင်းပျောက်ဆုံးနေခဲ့ပြီးနောက်မှာ အသင်းပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

အတ္တလန္တာနဲ့ ကစားခဲ့တဲ့ သူ့ရဲ့စီးရီးအေအဖွင့်ပွဲမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့တဲ့ စမောလင်းဟာ လက်ချီနဲ့ပွဲမှာတော့ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ စမောလင်းရဲ့ ပွဲချိန်အတွင်းစွမ်းဆောင်ရည်ဟာ တော်တော်လေးကို ကောင်းမွန်ခဲ့တာတွေ့ခဲ့ရပြီး ရိုးမားကစားသမားဘဝမှာ နှစ်ပွဲကစားအပြီး အကောင်းဆုံးကစားသမားဆုကို စတင်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

စမောလင်းဟာ အမြင့်ဘောလုယူမှု (၇)ကြိမ်စလုံးကို အောင်မြင်ခဲ့ပြီး ဖျက်ထုတ်မှု (၂)ကြိမ်လည်း အောင်မြင်ခဲ့ပါတယ်။ ဘောလုံးပြန်လည်ဆယ်ယူမှု (၁၀)ကြိမ်အထိ ရှိခဲ့ပြီး ခေါင်းတိုက်ရှင်းထုတ်မှု (၃)ကြိမ်၊ ကြားဖြတ်လုယူမှု (၂)ကြိမ် နဲ့ ပိတ်ဆို့ကာကွယ်မှု (၂)ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အကောင်းဆုံးပုံစံကို စမောလင်းက ပြသသွားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာတော့ ရိုးမားက တိုက်စစ်မှူးဂျက်ကိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်မှာ အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုကို အမြဲတမ်းလိုလိုခံနေခဲ့ရတဲ့ စမောလင်းကတော့ အီတလီစီးရီးအေမှာ သူ့ရဲ့အရည်အသွေးကို စတင်ပြသနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ စမောလင်းအနေနဲ့ အဆိုပါခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုပါက ရောမကလပ်က အပြီးသတ်ခေါ်ယူသွားဖွယ်လည်းရှိနေပါတယ်။




က္က