ဒူးဒဏ်ရာထိထားတာပါ။
Kyaw Ko Ko Sint

ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက အနားယူနေရသူ ဖြစ်ပြီး ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုးသွင်းပေးထားသူပါ။

လက်ကျန်ရာသီပွဲတွေ ပြန်ကစားတဲ့အချိန်ကျရင်အသင်းအတွက် ပြန်ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က ထုတ်‌ဖော်ပြောလာတဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြာလာပါတယ်။

ဆွာရက်ဇ်က ဒူးဒဏ်ရာကြောင့် ဇန်နဝါရီကတည်းက အနားယူနေရသူ ဖြစ်ပြီး ရာသီကုန်အထိ အနားယူရပြီလို့ ထင်ထားရသူပါ။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာအဝန်းအားကစားပြိုင်ပွဲတွေကို ရပ်နားထားလို့ လက်ကျန် ရာသီပြန်စရင်တောင် ရာသီသိမ်းဖို့ တစ်လ နောက်ကျတော့မှာပါ။

“အစောဆုံးပြန်လာချင်တာကတော့ ရှင်းပါတယ်။ကျွန်တော်ပြန်ကောင်းလာတာကတော့ အသင်းရဲ့ စီမံခန့်ခွဲမှု ကြောင့် သိသိသာသာ တိုးတက်ကောင်းမွန်လာတာပါ။ကျွန်တော့်ကို ဆရာဝန်က မင်းအခြေအနေက ထင်တာ ထက်ပိုတိုးတက်ကောင်းမွန်လာပြီလို့ဆိုတဲ့စကားက ပြန်ကစားဖို့ ခွန်အားအများကြီး ဖြစ်လာစေခဲ့ပါတယ်။”လို့ ဆွာရက်ဇ်က ဆိုပါတယ်။




၃၃နှစ်ရှိပြီ ဖြစ်တဲ့ဆွာရက်ဇ်က ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ၁၄ ဂိုးသွင်းယူ ပေးထားနိုင် ပါတယ်။

ဘာစီလိုနာအသင်းကတော့ မူလက ဆွာရက်ဇ် ပြန်မကောင်းလာနိုင်လို့ အဆင်နယ်အသင်းက အူဘာာမီယန်းကို ချိတ်ဆက်ခဲ့ပေမယ့် အခုလို ဆွာရက်ဇ် ပြန်လည်သက်သာလာတဲ့သတင်းကြောင့် အပြောင်းအရွှေ့ကို ဆက်လက် လုပ်ဆောင်အုံးမှာလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကမ္ဘာတစ်ဝန်းလုံး လူပေါင်း ၃သိန်း ၇ထောင်ကျော် ကူးစက်ခံနေရမှုမှာ ၁၃၀၀၀ကျော် သေဆုံးစေခဲ့တဲ့ ကိုရိုနာဗိုင်း ရပ်စ်ကို လက်ရှိအချိန်မှာ ခုခံ ကာကွယ်နေရဆဲ ဖြစ်ပါတယ်။

စပိန်မှာတော့ ၂၆၀၀၀ကျော် ကူစက်ခံရမှုမှာ ၁၃၀၀ကျော် သေဆုံးနှင့်ပြီလို့လည်း သိရပါတယ်။

လက်ရှိအချိန်ထိစပိန်မှာ ဘောလုံးပွဲတွေ ကို ဧပြီလ ၃ ရက်နေ့အထိ ရပ်နားထားတယ်လို့လည်း တရားဝင်ကြေ ညာထားပါတယ်။


က္က