အမေရိကန်ခရီးစဉ်အတွင်း ပရိသတ်တွေကို လက်မှတ်ရေးထိုးပေးရာမှာ ပရိသတ်တစ်ဦးက စပါးအသ်းဂျာစီပေါ် လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့ရာမှာ ဘောပင်ကိုင်ပြီး ဂျာစီကို ဖြန့်ကြည့်လိုက်မှ စပါးဂျာစီ ဖြစ်နေတာကို မြင်လိုက်လို့ ဘောပင်ကို ချက်ခြင်း ပြန်ပေးပြီး ထွက်ပြေးသွားတာပါ။
အာဆင်နယ် နောက်ခံလူ ရော့ဘ်ဟိုးဒင်းကတော့ ပရိသတ်တွေကို လက်မှတ်ထိုးပေးခဲ့ရာမှာတော့ ပရိသတ်တစ်ဦးအတွက် လက်မှတ်ထိုးပေးဖို့ လုပ်ရာမှာ အဆိုပါ ပရိသတ်တွေက စပါးဂျာစီနဲ့ ထိုးခိုင်းခဲ့လို့ မထိုးပေးခဲ့တဲ့ ဖြစ်ရပ်ကို Daily Mail ကဖော်ပြပါတယ်။
အမေရိကန်ကို ရာသီကြို ခြေစမ်း ခရီးစဉ် ကစားဖို့ ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ မနေ့က ရီးရဲမက်ဒရစ်အသင်းနဲ့ ICC 2019 ပြိုင်ပွဲ ကစားခဲ့ရာမှာ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ၅-၄ ဂိုးနဲ့ အရေး နိမ့်ခဲ့ပါတယ်။ ပရိသတ်တွေကို လက်မှတ်ထိုးပေးဖို့ ရော့ဘ်ဟိုးဒင်း ပြုလုပ်ပေးနေစဉ် ဟိုးဒင်းအနေနဲ့ ပရိသတ်တွေဆီက ဘောပင်ကိုယူပြီး သူတို့ လက်မှတ်ထိုးခိုင်းတဲ့ နေရာမှာ ထိုးပေးခဲ့တာပါ။
ဒါပေမယ့် ပရိသတ်တစ်ဦးရဲ့ ဘောပင်ကိုင်ပြီး အဆိုပါ ပရိသတ်ကမ်းပေးတဲ့ ဘောလုံးဂျာစီ အဖြူရောင်ကို အရှေ့ဖက် လှန်လိုက်ချိန်မှာတော့ စပါးအသင်းတံဆိပ် ထွက်ပေါ်လာရာမှာ ဘောပင်ကို ပရိသတ်ထံ ချက်ချင်းပြန်ပေးပြီး ပြန်ပေးပြီးထွက်ပြေးသွားတာကို တွေ့မြင်ခဲ့ရတာပါ။ အသက် ၂၃နှစ်အရွယ်သာ ရှိသေးတဲ့ ရော့ဘ်ဟိုးဒင်းဟာ အာဆင်နယ်အသင်းအတွက် အဓိက အရေးပါတဲ့ နောက်ခံလူတစ်ဦး ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ စပါးတို့ဟာ ခါးသီးတဲ့ ဒါဘီပြိုင်ဘက်တွေ ဖြစ်နေတာကြောင့် စပါး ဂျာစီပေါ်လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့တဲ့ ပရိသတ်ကို လက်မှတ်မထိုးပေးခဲ့တဲ့ ဟိုးဒင်းရဲ့လုပ်ရပ်က မှန်ကန်တယ်လို့ဆိုရမှာပါ။
လက်မှတ်သာ ထိုးပေးလိုက်မယ်ဆိုရင် ဟိုးဒင်းကို အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်ကြတော့မှာ မလွဲဖြစ်ပြီး မဟုတ်မမှန် သတင်းတွေလည်း ဆက်တိုက်ထွက်ပေါ်လာနိုင်တာကြောင့် ဟိုးဒင်းဟာ မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ယူဆရမှာပါ။ အာဆင်နယ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွက် ကစားသမားသစ်ခေါ်ယူမှုအဖြစ်ရီးရဲက ဆယ်ဘယ်လော့စ်ကို ခေါ်ယူလိုက်နိုင်ပြီလို့ သိထားရပါတယ်။