အက်သလက်နည်းပြကိုလည်း ငြင်းဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ တစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

ဒီက‌နေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက် ဒု-ကျော့ပွဲမတိုင်မီ လီဗာပူးနည်းပြ ကလော့ပ်ကို အသင်းပရိသတ်အချို့က ဥမင်လှိုင်အတွင်းက ထွက်ချိန် လက်ဆွဲနှုတ်ဆက်ဖို့ တောင်းဆိုခဲ့ကြပါ တယ်။





ဒါပေမယ့်လည်း နည်းပြကလော့ပ်ကတော့ လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လက်ဆွဲနှုတ် ဆက်ခြင်း မပြုရဘူးဆိုတဲ့ သတိပေးချက်ကို မေ့ပြီး လက်ကမ်းခဲ့တဲ့ ပရိသတ်တွေကို -“ အခုချက်ချင်း လက်တွေ အောက်ပြန်ချကြစမ်း၊မင်းတို့ရူးနေလား”လို့ ပြန်လည်ပြောဆိုပြီး လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

ကလော့ပ်အနေနဲ့ ပရိသတ်တွေကို လက်ဆွဲမနှုတ်ဆက်ခဲ့သလို ပြိုင်ဖက်အသင်းနည်းပြ ဆီမြွန်နီက လက်ဆွဲနှုတ် ဆက်ဖို့ ရောက်လာတဲ့အပေါ်မှာလည်း ပြန်လည်လက်ဆွဲမနှုတ်ဆက်ခဲ့ပဲ တံတောင်ဆစ်နဲ့ ခွေ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့တာပါ။

လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ်မှာ ၂ ပွဲနိုင်ရုံနဲ့ ချန်ပီယံ ဖြစ်ပြီ ဆိုပေမယ့်လည်း အက်ဖ်အေဖလား၊ချန်ပီ ပီယံလိဂ်ပြိုင်ပွဲတွေကနေတော့ တောက်လျှောက်ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က