သြစတြီးယားနဲ့ပွဲမှာ သွင်းယူခဲ့တာပါ။
Pyae Phyo Thein

သြစတြီးယားနဲ့ကစားခဲ့တဲ့ပွဲမှာ ဟာလန်းက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး နော်ဝေကတော့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့လို့ ဒေါ့မွန်တိုက်စစ်မှူးအတွက် စိတ်ပျက်စရာတော့ဖြစ်ခဲ့ရပါတယ်။ 


နော်ဝေကြယ်ပွင့်တိုက်စစ်မှူးဟာလန်းဟာ လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ်အဖြစ် ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ နေးရှင်းလိဂ်ပွဲအဖြစ် သြစတြီးယားနဲ့ကစားခဲ့တဲ့ပွဲမှာ ဟာလန်းက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး နော်ဝေကတော့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့လို့ ဒေါ့မွန်တိုက်စစ်မှူးအတွက် စိတ်ပျက်စရာတော့ဖြစ်ခဲ့ရပါတယ်။ 

သြစတြီးယားက ၂-၀ နဲ့ ဦးဆောင်နေခဲ့ပြီး ဟာလန်းက ချေပဂိုးတစ်ဂိုးကို ဒုတိယပိုင်းမှာ ပြန်လည်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်ဂိုးတွေထပ်မသွင်းနိုင်ခဲ့လို့ အရေးနိမ့်ခဲ့ရပြီး ဟာလန်းကတော့ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းနဲ့သာ ကျေနပ်ခဲ့ရတယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ 

အသက် ၂၀ အရွယ်ကစားသမားဟာ နော်ဝေအတွက် ၃ပွဲမြောက်ကစားခဲ့တာဖြစ်ပြီး အခုမှဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆဲလ်ဘတ်အသင်းမှာ ခြေစွမ်းပြပြီးထင်ရှားလာခဲ့တဲ့ ဟာလန်းဟာ ဒေါ့မွန်ကိုရောက်ရှိချိန်မှာလည်း ၁၈ ပွဲကစားပြီး ၁၆ ဂိုးသွင်းယူနိုင်ခဲ့လို့ အားလုံးရဲ့ ချီးကျူးမှုကို ခံယူခဲ့ရပြီး နော်ဝေရဲ့ အတောက်ပဆုံးကစားသမားအဖြစ်ရှိနေခဲ့ပါတယ်။ 


မနေ့ကပွဲမှာလည်း ပွဲထွက်စာရင်မှာပါဝင်ခဲ့ပြီး မိနစ် ၉၀ အပြည့် ဟာလန်းက ကစားခွင့်ရရှိခဲ့ပါတယ်။ ဒေါ့မွန်ကြယ်ပွင့်ဟာ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟန်ဂေရီကို တစ်ပွဲတည်း ၉ ဂိုးသွင်းယူခဲ့ပြီးနောက် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကိုခံယူခဲ့ရပြီး အခုအခါမှာတော့ ကမ္ဘာ့ဘောလုံးစင်မြင့်မှာ အတောက်ပဆုံးလူငယ်တွေထဲကတစ်ဦးအဖြစ် ရပ်တည်နေခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က