ဆုပေးအပ်ချီးမြှင့်မယ့် မဂ္ဂဇင်းအဖွဲ့အစည်းက ဖော်ပြလာတာပါ။

ဘလွန်းဒီအောဆုကို လက်ရှိ နောက်ဆုံး ရရှိထားသူက လူကာမိုဒရစ်ဖြစ်ပြီး အကြိမ်အများဆုံး ရထားသူက ရော်န်ဒိုနဲ့မက်ဆီတို့ဖြစ်ပြီး ၅ ကြိမ်စီ ရယူထားပါတယ်။

ပြင်သစ် မဂ္ဂဇင်း l'equipe က ပေးအပ်ချီးမြှင့်မယ့် ၂၀၁၉ ခုနှစ်အတွက် ဘလွန်းဒီအောဆု နောက်ဆုံး ဆန်ခါတင် ၃၀ ဦးစာရင်းမှာ ပီအက်စ်ဂျီအသင်းက ဘရာဇီးတိုက်စစ်မှူး နေမာ ပါဝင်လာခြင်း မရှိပါဘူး။

အခုလို ဆန်ခါတင်စာရင်းမှာ နေမာကို ထည့်သွင်းလာခြင်း မရှိတဲ့ အကြောင်းရင်းကိုတော့ ပြင်သစ် မဂ္ဂဇင်းက ဖော်ပြလာရာမှာတော့ ပုံရိပ်မဲကြောင့် ဖြစ်တယ်လို့ Goal.comရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

နေမာရဲ့ နောက်ဆုံး ၁၀ လ ဖြတ်သန်းမှုကို ဆုပေးအပ်မယ့် အဖွဲ့အစည်းက စိစစ်ခဲ့ရာမှာတော့ အကြောင်းရင်း ၈ ချက်ထွက်ပေါ်လာပြီး ဒါတွေကပဲ နေမာကို ဆန်ခါတင်စာရင်းမသွင်းဖြစ်တော့တာပါ။

၁။ ခြေဖဝါးရိုးဒဏ်ရာရရှိခြင်း - ဇန်နဝါရီလ ၂၃ ရက်နေ့

--------------------------

ပြင်သစ်ဖလား ၁၆သင်းအဆင့်အဖြစ် စတရက်ဘောာ့စ်နဲ့ပွဲမှာခြေဖဝါးရိုးကျိုး ဒဏ်ရာကို ခံစားခဲ့ရပြီး ဒီဒဏ်ရာကြောင့်ပဲ ယူနိုက်တက်နဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ၂ ပွဲစလုံးကို လွဲချော်ခဲ့သလို ဧပြီ မတိုင်ခင်အထိ ပြန်မကစားနိုင်ခဲ့ပါဘူး။

၂။ ကွင်းလယ်ဒိုင်လူကြီးကို ပြစ်တင်ဝေဖန်ခြင်း - မတ်လ ၆

----------------------

ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ပွဲကြည့်စင်ကနေထိုင်ကြည့်ရင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးလိုက်တဲ့ ကွင်းလယ်ဒိုင်လူကြီး စခိုမီနာကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒီဝေဖန်မှုကိုတော့ သူ့ရဲ့ လူမှုစာမျက်နှာထက် ကနေ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။VAR စနစ်ကို ကွင်းလယ်ဒိုင်တွေ တစ်ဦးမှ သိရှိနားလည်ခြင်း မရှိပဲ ဆောင်ရွက်နေခဲ့တယ်လို့ ဝေဖန်ခဲ့မိလို့ ယူအီးအက်ဖ်အေရဲ့ ဥရောပပွဲ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

၃။ ပရိသတ်ကို တွန်းထိုးခဲ့ခြင်း - ဧပြီလ ၂၇

---------------------

ပြင်သစ်ဖလား ဆုတံဆိပ်ကို စင်မြင့်ပေါ်တက်ယူစဉ် နေမာကို ပရိသတ်တစ်ဦးက ဘောလုံးကစားဖို့ သင်ယူဦးဆိုပြီး ပြောလာတဲ့အပေါ် စိတ်မထိန်းနိုင်ပဲ ဆောင့်တွန်းခဲ့လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ချက်ခြင်းပဲ ၃ ပွဲပယ်လိုက်ပါတယ်။

၄။ ကိုပါအမေရိကပြိုင်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခြင်း - ဇွန်လ ၆

-----------------------------

ကာတာနဲ့ခြေစမ်းပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရသွားလို့ ကိုပါအမေရိကပွဲကိုတောင် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီဒဏ်ရာနဲ့အတူ ကိုပါအမေရိကဖလား ကိုင်မြှောက်ခွင့်လည်း လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

၅။ မုဒိန်းမှုကို ဖြေရှင်းရခြင်း - သြဂုတ်လ ၉

-----------------------

ဘရာဇီးမော်ဒယ် နာဂျီလာကို ကာမကျူးလွန်တယ်လို့ စွပ်စွဲခံခဲ့ရပြီး နေမာအနေနဲ့ တရားရုံးထိ ဦးတိုက် ဖြေရှင်းရတဲ့အထိ ဖြစ်ခဲ့ရတာပါ။

၆။ ဘာစီလိုနာပြန်မယ်လို့ သတင်းထွက်ပေါ်ခဲ့ - အပြောင်းအရွှေ့ရာသီ

---------------------

ပီအက်စ်ဂျီမှာ ကစားနေရင်း မူလအသင်းဟောင်း ဘာစီလိုနာကို ပြန်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

၇။ နေမာအပေါ် ဒေါသထွက်ခဲ့ကြတဲ့ ပီအက်စ်ဂျီ ပရိသတ်များ - စက်တင်ဘာ ၁၄

----------------------------------

ဒဏ်ရာက ပြန်သက်သာလာတဲ့ နေမာကို ပီအက်စ်ဂျီပရိသတ်တွေက လှောင်ပြောင်နေခဲ့ကြပါတယ်။ နေမာ အနေနဲ့ အသင်းအတွက် အနိုင်ဂိုးသွင်းနိုင်ချိန် အောင်ပွဲခံခဲ့ပေမယ့် ပရိသတ်တွေကတော့သူ့ကို အသင်းက ထွက်သွားတော့မယ်သူလို့ ထင်မြင်နေကြပါတယ်။ ဒါပေမယ့် အခုချိန်မှာ နေမာက ပီအက်စ်ဂျီမှာပဲ ၁၀၀ ရာခိုင်နှုန်း ဆက်ရှိနေတော့မှာပါ။

၈။ နိုင်ငံတကာပွဲမှာ ဒဏ်ရာထပ်ရ - အောက်တိုဘာ ၁၃

-----------------------

နိုင်ဂျီရီးယားနဲ့ ခြေစမ်းပွဲမှာ ပေါင်ခြံဒဏ်ရာထပ်ရခဲ့ပါတယ်။ ဒဏ်ရာကြောင့် လာမယ့် ၄ ပတ်လောက် အနားယူရ မယ်လို့ ဆရာဝန်ကပြောခဲ့ပြီး လိဂ်ဝမ်းပွဲအဖြစ်မာဆေးလ်၊ဘရုဂျက်နဲ့ ချန်ပီယံလိဂ် ပွဲတွေကိုလွဲချော်ရမှာပါ။

ဒီအချက်တွေကြောင့်ပဲ နေမာရဲ့ တစ်နှစ်ပတ်လုံး စွမ်းဆောင်ရည်က ဘလွန်းဒီအော စာရင်းဝင်ဖို့ မဖြစ်နိုုင်တော့ တာကြောင့် ဆန်ခါတင်စာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်တယ်လို့ အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။



က္က