ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့သူပါ။

ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးအသင်းက ဘာစီလိုနာအသင်းကို အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသူဖြစ်ပြီး လီဗာပူးဗဟိုခံစစ်ကစားသမား ဗန်ဒိုက်က မက်ဆီရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ကစားသမားဘဝတလျှောက်လုံး ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပေမယ့် ၂၀၁၉ ဘလွန်းဒီအော်ဆုအတွက် အပြိုင်ရေပန်းစားနေတဲ့ လီဗာပူးကြယ်ပွင့်နောက်ခံကစားသမား ဗန်ဒိုက်ကတော့ ဘလွန်းဒီအော် ၅ ဆုရှင် လီယွန်နယ်မက်ဆီရဲ့ အထူးချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

နယ်သာလန်လက်ရွေးစင်နောက်ခံကစားသမား ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ဘာစီလိုနာကြယ်ပွင့် မက်ဆီရဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပထမအကျော့ နူးကမ့်ကွင်းမှာ လီဗာပူးအသင်းကို မက်ဆီရဲ့ မှော်ဆန်တဲ့ အလွတည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုအပါအဝင် ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် အန်းဖီးကွင်းမှာ လီဗာပူးအသင်းက ရလဒ်ကို ပြောင်းပြန်လှန်ပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။



“သူက ဘယ်လိုအချိန်ကိုက်ပြီး တစ်ဖက်တိုက်စစ်မှူးတွေကို မှန်ကန်တဲ့အချိန်မှာ ဝင်လုံးပြီး ဘောလုံးကို ရယူရမယ်ဆိုတာကို သိတဲ့ နောက်ခံကစားသမားပါ”

“သူက အရမ်းလျင်မြန်ပြီး လူကောင်ကြီးပါတယ်။ ဒါပေမယ့် သူ့ရဲ့အရပ်နဲ့ယှဉ်ရင် လျင်မြန်မှုအများကြီးရှိပါတယ်”

“သူက လျင်မြန်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကြီးမားတဲ့ ခြေလှမ်းကြောင့်ပါ။ သူက ခံစစ်မှာရော တိုက်စစ်မှာပါ အထင်ကြီးလောက်စရာကောင်းတဲ့သူပါ။ ဘာလို့လဲဆိုတော့ သူက ဂိုးအများကြီးလည်း သွင်းနိုင်လို့ပါ”လို့ Marca ကို ပြောကြားခဲ့ပါတယ်။



က္က