ငါးကြိမ်စီဆွတ်ခူးပြီး ပူးတွဲရပ်တည်နေတာပါ။

ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ဘလွန်းဒီအောဆုကို ငါးကြိမ်စီ ဆွတ်ခူးထားကြသူတွေဖြစ်ပြီး ဆုအများဆုံးရကစားသမားတွေအဖြစ် ပူးတွဲရပ်တည်နေကြတာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုက ဘလွန်းဒီအောဆုအတွက် ပြိုင်ဆိုင်မှုမှာ မက်ဆီထက်အသာရချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ITV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ရော်နယ်ဒိုက ပြောဆိုခဲ့တာဖြစ်ပြီး ဘောလုံးလောကရဲ့ နံပါတ်တစ်ကစားသမားကလည်း သူသာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ဘလွန်းဒီအောဆုကို ငါးကြိမ်စီ ဆွတ်ခူးထားကြသူတွေဖြစ်ပြီး ဆုအများဆုံးရကစားသမားတွေအဖြစ် ပူးတွဲရပ်တည်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုပူးတွဲရပ်တည်နေရတဲ့အပေါ်မှာ ရော်နယ်ဒိုက ကျေနပ်နှစ်သိမ့်မှုမရှိဖြစ်နေပြီး မက်ဆီရဲ့အထက်မှာ ရပ်တည်ချင်တဲ့ သူ့ရဲ့ှဆန္ဒကို ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့တယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးက "ဘောလုံးသမိုင်းကြောင်းထဲမှာ မက်ဆီက ရှိနေခဲ့ပြီးပါပြီ၊ ဒါပေမယ့် ကျွန်တော်ကတော့ ဘလွန်းဒီအောဆုကို ၆ကြိမ် ဒါမှမဟုတ် ၇ ကြိမ်လောက် ရယူချင်ပြီး သူ့အထက်မှာ ရပ်တည်ချင်ပါတယ်၊ အဲဒီလိုဖြစ်လာမယ့်အပေါ်ကိုလည်း ကျွန်တော်နှစ်သက်မိပြီး ကျွန်တော်နဲ့ ထိုက်တန်တယ်လို့လည်း ခံစားမိပါတယ်"



"ကျွန်တော့်အတွက်တော့ ကျွန်တော်က ဘောလုံးလောကရဲ့ နံပါတ်တစ်ပါပဲ၊ တခြားပရိသတ်တွေအတွက်တော့ တခြားကစားသမားတစ်ဦးက နံပါတ်တစ်ဖြစ်ချင်လည်းဖြစ်နေမှာပါ၊ ကျွန်တော်က နံပါတ်နှစ်ဆိုလည်း ဘာမှမဖြစ်ပါဘူး၊ ကျွန်တော်က ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးကစားသမားဆိုတာ ကျွန်တော် သိပါတယ်" လို့ ရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ပြိုင်ဆိုင်မှုကြီးမားတဲ့ ကစားသမားတွေအဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြသူတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ စပိန်လာလီဂါမှာ ၉ နှစ်ကြာ ပြိုင်ဘက်တွေအဖြစ် ရှိနေခဲ့ပြီး အသင်းအတွက်အောင်မြင်မှု၊ တစ်ဦးချင်းအောင်မြင်မှုတွေအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုစာ လွှမ်းမိုးနိုင်ခဲ့သူတွေဖြစ်ပါတယ်။



က္က