ပြီးခဲ့တဲ့နှစ်က လူကာမိုဒရစ်က မက်ဆီနဲ့ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဗာဂျေးဗန်ဒိုက်ကို ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်တယ်လို့ ထောက်ခံပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လီဗာပူးကြယ်ပွင့် ဗန်ဒိုက်ဟာ ခရစ်စတီယာနိုရော်နယ်ဒို၊ မက်ဆီတို့နဲ့အပြိုင် ဘလွန်းဒီအော်ဆုရရှိဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေသူဖြစ်ပြီး ရော်နယ်ဒိုနဲ့ မက်ဆီတို့ကို ကျော်ဖြတ်ပြီး ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မကြသေးမီကမှ ရရှိထားသူဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က လီဗာပူးကြယ်ပွင့်ကစားသမား ဗာဂျေးဗန်ဒိုက်ဟာ ယခုနှစ် ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် ထိုက်တန်တယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

“ဗန်ဒိုက်က အရမ်းကောင်းတဲ့ဗဟိုခံစစ်ကစားသမားပါ။ သူ အရမ်းကောင်းတဲ့ရာသီကို ပိုင်ဆိုင်ခဲ့ပြီး တကယ်လို့ သူ ကောင်းမွန်တဲ့ရာသီ ဆက်ပိုင်ဆိုင်ထားသေးတယ်ဆိုရင် သူ ဘလွန်းဒီအော်ဆုရဖို့ ထိုက်တန်ပါတယ်”

“ကျွန်တော်တို့ ဘလွန်းဒီအော်နဲ့ပတ်သက်ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့အကြောင်းပဲ အမြဲတမ်းပြောခဲ့ကြတာပါ”

“အခုအချိန်မှာ တိုက်စစ်မှူးတွေထက် အခြားကစားသမားတွေအတွက် အခွင့်အရေးပိုကျယ်ပြန့်လာတာက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရီးရဲမက်ဒရစ်ကွင်းလယ်ကြယ်ပွင့် လူကာမိုဒရစ်က ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ မက်ဆီတို့ကို ကျော်ဖြတ်ပြီး ဘလွန်းဒီအော်ဆုကို ရရှိခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း ဘလွန်းဒီအော်ဆုအတွက် မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ ပြိုင်ပွဲကို မိုဒရစ်က အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။



က္က