ကိုပါအမေရိကဖလားတတိယနေရာလုပွဲမှာ ထုတ်ခံရပြီးနောက် ၃လပွဲပယ်ခံရတာပါ။

ဘရာဇီး၊ဥရုဂွေးအသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားဖို့ရှိနေတဲ့ အာဂျင်တီးနား အသင်းလူစာရင်းမှာ ပြန်လည် ပါဝင်လာခဲ့တာပါ။

နိုဝင်ဘာလအတွင်းကစားရမယ့် ဘရာဇီး ဥရုဂွေးအသင်းတွေနဲ့ ခြေစမ်းပွဲတွေအတွက် အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာ လီယွန်နယ်မက်ဆီ ပြန်လည်ပါဝင်လာခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



မက်ဆီကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ကစားခဲ့တဲ့ချီလီအသင်းနဲ့ ကိုပါအမေရိကဖလား တတိယနေရာ လုပွဲမှာ ကွင်းလယ်ဒိုင်တွေကို အကျင့်ပျက်ချစားသူတွေလို့ စွပ်စွဲခဲ့လို့ အနီကဒ်အပြင် ၃ လပွဲပယ်ထိခဲ့တာပါ။

အာဂျင်တီးနားအတွက် ကစားခွင့်မရှိခဲ့တဲ့ ၃ လအတွင်းမှာ အရေးပါတဲ့ ပွဲစဉ်၄ ပွဲလွဲချော်ခဲ့ပေမယ့် ဒီနှစ်ဘောလုံး ရာသီမှာတော့ ဘာစီလိုနာအတွက် ၅ ဂိုးအထိသွင်းပေးထားနိုင်ပါပြီ။



အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာတော့ တိုစစ်မှာ မက်ဆီအပြင်၊အဂူရို၊နီကိုးလက်စ်ဂွန်ဇာလက်ဇ်၊လူးကပ်စ် အလာရီယို၊မားတီးနက်စ်၊ဒိုင်ဘာလာ စတဲ့ တိုက်စစ်မှူးတွေ ပါဝင်လာပါတယ်။

အာဂျင်တီးနားအသင်းကတော့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဘရာဇီးနဲ့ ဆော်ဒီမှာ ခြေစမ်းပွဲကစားပါမယ်၊အဲ့နောက် ဥရုဂွေးနဲ့ ခြေစမ်းပွဲကိုတော့ အစ္စရေးမှာ ဆက်လက်ကစားပါမယ်။

Share

Loading Next Article...
က္က