၃၀% လျှော့ယူဖို့ သဘောတူညီပြီးသားပါ။
Pyae Phyo Thein

မိုနာကိုအသင်းကွင်းလယ်လူဖာဘရီဂတ်စ်ဟာ အသင်းကိုထောက်ပံ့ပေးနိုင်ဖို့အတွက် သူ့ရဲ့လစာလေးလစာအထိ မယူဖို့ကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။ ချယ်လ်ဆီးနဲ့အာဆင်နယ်ကွင်းလယ်လူဟောင်းဟာ မိုနာကိုမှာ တစ်လကို ပေါင်ငါးသိန်းအထိ ရရှိနေသူဖြစ်ပြီး ၄လစာအတွက် စုစုပေါင်း ပေါင် ၂သန်းအထိ အသင်းကိုပြန်လည်ကူညီသွားမှာလည်းဖြစ်ပါတယ်။

Telegraph ရဲ့ ဖော်ပြချက်အရ ဖာဘရီဂတ်စ်ဟာ မူလက လစာရဲ့ ၃၀%ကို လျှော့ယူဖို့ သဘောတူညီထားပြီးဖြစ်ကြောင်း သိရပါတ်ယ။ ဒါပေမယ့်လည်း ကစားသမားဘက်က သူ့ရဲ့လစာငွေတွေကို ၃၀%စီ လျှော့ချခံခဲ့ရတဲ့ အသင်းဝန်ထမ်းတွေကို အပြည့်အဝပေးချေနိုင်ဖို့အတွက် မယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဖာဘရီဂတ်စ်ရဲ့ အသက် ၉၅ နှစ်ရှိနေပြီဖြစ်တဲ့ အဖွားဖြစ်သူဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သိရပြီးတော့ ဒီအကျိုးဆက်ကနေ ကစားသမားရဲ့ ဆန္ဒကဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ မိုနာကိုအသင်းအတွက်လည်း လစာလျှော့ချခံရတဲ့ ဝန်ထမ်းတွေကို လစာအပြည့်အဝပေးနိုင်ဖို့အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပြီးနောက် ဘောလုံးပွဲတွေကိုပါ ရပ်ဆိုုင်းထားခဲ့ရကာ ကလပ်အသင်းအများစုဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒါကြောင့် အသင်းအများစုက ကစားသမားတွေရဲ့ လစာငွေကို ရာခိုင်နှုန်းအားဖြင့်လျှော့ချမှုတွေပြုလုပ်နေခဲ့ပြီး ဘဏ္ဍာရေးပြသနာကို ဖြေရှင်းနေခဲ့ရကာ နာမည်ကျော်ကစားသမားအများအပြားကလည်း လစာလျှော့ယူဖို့အတွက် သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ 


က္က