မန်ချက်စတာယူနိုက်တက်အသင်းရဲ့လိုအပ်ချက်နဲ့တော့ မကိုက်ညီခဲ့ပါဘူး။
Kg Htet

အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုမှာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီကိုလည်း တစ်စိတ်တပိုင်းအဖြစ် ထည့်သွင်းခဲ့တယ်လို့ Sky Sport Italia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ လူကာကူကို ရောင်းချလိုနေတာဖြစ်ပြီး ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ သတ်မှတ်ထားတာဖြစ်ပါတယ်။



အင်တာမီလန်အသင်းဟာ လူကာကူအတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်က တောင်းဆိုထားတဲ့ဈေးနှုန်းကို ပေးချေလိုခြင်းမရှိဘူးလို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ လူကာကူအတွက် ငွေသားအပြင် ပါရီဆစ်ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းက ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ Sky Sport Italia ရဲ့သတင်းအရ ယခုနောက်ဆုံးအကြိမ်မှာ အင်တာမီလန်က လူကာကူကို အီကာဒီနဲ့ အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်က နောက်ထပ်တစ်ကြိမ် ထပ်မံပယ်ချလိုက်တယ်လို့ သိရပါတယ်။

အီကာဒီဟာ ယခုရာသီမှာ အင်တာမီလန်အသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၇ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အီကာဒီဟာ အင်တာမီလန်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ အချင်းများခဲ့ပြီးနောက် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ယခုနွေရာသီမှာ အီကာဒီကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ရိုးမားအသင်းက အင်တာမီလန်နည်းပြသစ် ကွန်တီလိုချင်နေတဲ့ ဒီဇီကို ကိုပါအလိုက်ပါပေးပြီး အီကာဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒီဇီကိုဟာ ကွန်တီရဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး ရိုးမားအသင်းက လက်ရှိအချိန်မှာ ၎င်းတို့ရဲ့စီးရီးအေပြိုင်ဘက် အင်တာမီလန်အသင်းကို ဒီဇီကိုအတွက် သဘောတူညီမှုမှာ အီကာဒီအနေနဲ့ တစ်စိတ်တပိုင်း ပါဝင်နိုင်ခြေရှိ၊ မရှိ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က