အက်စတာနာကို ၁-၀ နဲ့ နိုင်တဲ့ပွဲအပြီး ပြောခဲ့တာပါ။
Kyaw Ko Ko Sint

အသင်းကထွက်ခွာသွားတဲ့ လူကာကူနဲ့ ဆန်းချက်နေရာမှာ လူငယ်တွေကို အစားထိုးပြီး အခြား ဘယ်ကစားသမားသစ်ကိုမှ မခေါ်ဖြစ်ခဲ့တာ မှန်ခဲ့တယ်လို့ ဆိုးလ်ရှားက ပြောခဲ့တာပါ။

အသင်းကထွက်ခွာသွားခဲ့တဲ့ ဝါရင့် ကစားသမားနှစ်ဦးဖြစ်တဲ့ လူကာကူနဲ့ ဆန်းချက်တို့နေရာမှာ အခြားကစားသမားတွေကို အစားထိုးမခေါ်ယူဖြစ်ခဲ့တာ မှန်ကန်ခဲ့တယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောခဲ့တယ်လို့ Sportskeeda သတင်းဌာနကဖော်ပြလာပါတယ်။

မေဆန်ဂရင်းဝုဒ်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အက်စတာနာကို အနိုင်ယူပြီး ယူရိုပါလိဂ် အဖွင့်ပွဲကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့ပြီးနောက် ပွဲအပြီးမှာပြောခဲ့တာပါ။

ယူရိုပါလိဂ်အဖွင့်ပွဲမှာ ယူနိုက်တက်ပွဲထွက်လာတဲ့ တိုက်စစ်က ငယ်ရွယ်လွန်းခဲ့ပြီး တာဟစ်ချောင်၊အိန်ဂျယ်ဂို မက်ဇ်၊မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ဂရင်းဝုဒ်တို့ ဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကတော့ ယူနိုက်တက်သမိုင်းမှာ အသက်အငယ်ဆုံး ဥရောပ ဂိုးသွင်းယူနိုင်သူ ဖြစ်လာခဲ့ပါတယ်။



“ကျွန်တော်ကတော့ ကလပ်အတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ဦးလို့မြင်ပါတယ်။ မေဆန်က အနာဂတ်ထိ ကျွန်တော်တို့ ထိန်းသိမ်းထားချင်တဲ့ကစားသမားဖြစ်ပြီး လူကာကူနဲ့ဆန်းချက်နေရာမှာ အစားထိုး မခေါ်ယူခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ပြောရပါမယ်။” လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ဂရင်းဝုဒ်ကတော့ ဒီပွဲက သူ့အတွက် ဒုတိယမြောက် ပွဲထွက် ကစားခွင့်ရလာတဲ့ ပွဲဖြစ်ပြီး ပွဲအတွင်းပြသခဲ့တဲ့ ခြေစွမ်းကို နည်းပြ ဆိုးလ်ရှားက ပွဲအပြီးမှာ မီဒီယာတွေကို ပြောခဲ့တာပါ။

“ ဒါက သူ့အတွက် ပုံမှန်ဘောလုံးကစားနေတာပါပဲ၊ ဂိုးသွင်းတာလည်း ပုံမှန်ပါပဲ၊ ဒီပွဲမှာ တစ်ဂိုးထက် ပိုရသင့်ပါ တယ်၊ဒါပေမယ့် သူအရမ်းကောင်းခဲ့ပါတယ်။” လို့ ဆိုးလ်ရှားကပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့် အပတ်ထဲမှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်း ကစားရပါမယ်။


Author


က္က