loading...

loading...

loading...

ဘာစီလိုနာကိုရှုံးနိမ့်ပြီးနောက် ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝေဖန်တိုက်ခိုက်ခံနေရတာပါ။
Kyaw Ko Ko Sint

မန်ယူအသင်းက လူမျိုးရေးခွဲခြား ဆက်ဆံနေတဲ့သူတွေကို တစ်ဦးချင်း ဖော်ထုတ်သွားမှာ ဖြစ်သလို ဒီလူတွေအတွက်လည်း မန်ချက်စတာမှာ နေရာမရှိဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှတစ်ဆင့် အသင်းရဲ့ ကစားသမား အက်ရှ်လေယန်းကို လူမျိုးရေး ခွဲခြားတိုက်ခိုက်မှုတွေ ရှိနေတဲ့အပေါ် မန်ယူအသင်းကတော့ ကစားသမားဖက်ကို ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ BBC SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ယူက အခုလို လူမျိုးရေးခွဲခြား ဆက်ဆံမှုတွေအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ သတင်းထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး လူမှုအဖွဲ့အစည်းကလည်း ဘာစီလိုနာကို မန်ယူအသင်းက အဝေး ကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်အပြီး လူမည်း ကစားသမား အက်ရှ်လေယန်း လူမှုကွန်ရက်မှတစ်ဆင့် လူမျိုးရေးခွဲခြား ဆက်ဆံခံနေရပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ ယန်းက ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မန်ယူအသင်းကို ဦးဆောင်ကာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ပါဝင်တဲ့တစ်ဦးချင်းစီကို ရှာဖွေသွားမှာ ဖြစ်ပြီး ဒီဖြစ်စဉ်အပေါ်မှာ အကောင်းမြင်တဲ့ဖက်က ပဲနေသွားမှာဖြစ်ပါတယ်။တိုက်ခိုက်လာသူ မှန်သမျှကို ရှုတ်ချသွားမှာ ဖြစ်ပြီး ဒီလူတွေအတွက်လည်း မန်ချက် စတာမှာနေရာမရှိပါဘူး”လို့ မန်ယူက ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်ရှ်လေယန်းအနေနဲ့ အသင်းခေါင်းဆောင် ဗလင်စီယာ မပါဝင်နိုင်တဲ့ ပွဲစဉ်တိုင်းမှာ အသင်းခေါင်းဆောင်အဖြစ် မန်ယူကို ပုံမှန် ဦးဆောင်နေသူ ဖြစ်ပါတယ်။ မန်ယူအသင်းကတော့ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။


loading...

က္က