နေမာက သူ့ကို မာဆေးလ်ကစားသမားက လူမျိုးရေး ခွဲခြားတယ်လို့ ပြောဆိုလာတာပါ။
Kyaw Ko Ko Sint

ပီအက်စ်ဂျီက မာဆေးလ်ကို ၁-၀နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ နှစ်ဖက်ကစားသမားတွေ အချင်းများခဲ့ပြီး နှစ်သင်းပေါင်း အနီကဒ် ၅ကဒ်ထိ ပြသခံခဲ့ရတာပါ။

ပီအက်စ်ဂျီ တိုက်စစ်မှူးနေမာက သူ့ကို မာဆေးလ်နောက်ူခံလူ အယ်လ်ဗာရို ဂွန်ဇာလက်ဇ်က လူမျိုးရေး ခွဲခြားတဲ့ စကားလုံးတွေ ပြောဆို သုံးနှုန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပေါ်မှာ မာဆေးလ်အသင်းဖက်ကတော့ မိမိတို့ ကစားသမားအနေနဲ့ အဆိုပါ အသုံးအနှုန်းကို မသုံးခဲ့ဘူးလို့ ထုတ်ပြန်ချက်ထုတ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းကတော့ သူတို့ ကစားသမားဖက်ကနေ အပြည့်အဝ ထောက်ခံမှု ပြုလုပ်ပေးလျက်ရှိတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

နေမာကတော့ သူ့ရဲ့တွစ်တာအကောင့်ကတဆင့် အဆိုပါ ကစာသမားရဲ့ ပြောဆိုခဲ့မှုကို VAR စနစ်နဲ့ ပြန်ကြည့်ပြီး ရှင်းလင်းပေးသင့်တယ်လို့ တာဝန်ရှိသူတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း - “ဘောလုံး(သို့)ကျွန်တော်တို့တွေရဲ့ ဘဝမှာ လူမျိုးရေးခွဲခြားဖို့အတွက် နေရာမရှိ”ဘူး ဆိုတဲ့ ဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။

ပြင်သစ်လိဂ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီကတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အဆိုပါ ပွဲနေ့က ပြသခံခဲ့ရတဲ့ အနီကဒ် ၅ကဒ်နဲ့ ပတ်သက်ပြီး တင်ပြလာတဲ့ တာဝန်ရှိသူသူတွေရဲ့ တင်ပြချက်တွေနဲ့ဗီဒီယို အ‌နှေးပြကွက်တွေကို ပြန်လည်ကြည့်ရှုကာ ပြစ်ဒဏ်ကို အပြီးသတ် စီရင်ပေးနိုင်ဖို့ ဆုံးဖြတ်ပေးသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က