အမျိုးသမီးဘောလုံးသုံးသပ်သူအဖြစ် လုပ်ဆောင်နေလို့ဖြစ်မယ်လို့ အဲလက်စ်က ယုံကြည်နေပါတယ်။

စကော့က သူ့ကို ဘောလုံးပွဲသုံးသပ်သူတစ်ဦးလို့ပဲ ထင်စေချင်ပြီး အမျိုးသမီး ဘောလုံးပွဲ သုံးသပ်သူလို့ ထင်နေကြလို့သာ အခုလို လိင်အမြတ်ထုတ်နေတဲ့အပြုအမူတွေ လုပ်ဆောင်နေတာလို့ ယုံကြည်နေပါတယ်။

အာဆင်နယ်နဲ့ အင်္ဂလန်နောက်ခံလူဟောင်း အဲလက်စ်စကော့အနေနဲ့ လူမှုကွန်ရက်ကတဆင့် လိင်အမြတ်ထုတ်ခံနေရ ကြောင်း BBC SPORT သတင်းဌာနကဖော်ပြပါတယ်။



သူမအနေနဲ့ အခုလို လိင်အမြတ်ထုတ်ခြင်း ခံနေရတာကတော့ ဘောလုံးပွဲသုံးသပ်သူအဖြစ် လုပ်ကိုင်နေတာကြောင့် ဖြစ်တယ်လို့လည်း BBC SPORT က ပြောပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အဲလက်စ်စကော့ဟာ ၂၀၁၇ ခုနှစ်က ကစားသမားဘဝက အနားမယူခင်အထိ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၁၄၀ ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

စကော့က သူမအနေနဲ့ လူမှုကွန်ရက်ကို အသုံးမပြုတော့ဖို့ စဉ်းစားခဲ့ပေမယ့်လည်း ဒီလိုလုပ်လိုက်တာဟာ တိုက်ခိုက်ချင်နေသူတွေကို အနိုင်ပေးလိုက်တာနဲ့တူတာကြောင့် မလုပ်ဖြစ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

“သူတို့က ကျွန်မကို အမျိုးသမီး ဘောလုံးပွဲသုံးသပ်သူလို့ ထင်ကြတယ်၊ တကယ်တော့ ကျွန်မက ဘောလုံးပွဲသုံးသပ်သူတစ်ဦးပါပဲ၊ သူတို့ ကျွန်မကို ဘောလုံးပွဲသုံးသပ်သူတစ်ဦးလို့ မြင်လာတဲ့တနေ့မှာ အားလုံးအဆင်ပြေ သွားမှာပါ” လို့ စကော့က BBC SPORT ကို ပြောခဲ့တာပါ။

စကော့အနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ၃ကြိမ်၊ဥရောပချန်ပီယံရှစ် ၄ ကြိမ် ပါဝင်ခဲ့ဖူးသလို ကစား သမား ဘ၀ ၁၃ နှစ်တာ ကာလအတွင်း နိုင်ငံအသင်းအတွက် ၁၂ ဂိုးအထိသွင်းပေးခဲ့သူပါ။ လက်ရှိမှာတော့ BBC SPORT သတင်းဌာနရဲ့ ဘောလုံးပွဲသုံးသပ်သူအဖြစ် လုပ်ဆောင်နေရင်း လူမှုကွန်ရက်ကတဆင့် လိင်အမြတ်ထုတ်ခံနေရတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က