အာဖရိကဖလားပြိုင်ပွဲကာလအတွင်း ဖြစ်ပွားခဲ့တာပါ။
Kyaw Ko Ko Sint

ဇင်ဘာဘွေကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ လူမှုကွန်ရက်ကတဆင့် မိန်းမအတော်များများနဲ့ စကားလက်ဆုံကျ ခဲ့တာ သတင်းပေါက်ကြားသွားလို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အိမ်ပြန်လွှတ်ခဲ့တာလို့ သိရပါတယ်။

ကျင်းပလျက်ရှိတဲ့ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အီဂျစ်အသင်းအနေနဲ့ အသင်းမှာ စည်းကမ်းပိုင်း ချိုးဖောက်ခဲ့တဲ့ ကွင်းလယ်ကစားသမား အာမာဝါဒါကို အိမ်ပြန်လွှတ်ခဲ့ပြီလို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။



မြန်မာစံတော်ချိန် ယနေ့ နံနက်မှာ အီဂျစ်အသင်းက ကွန်ဂိုအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပွဲ မကစားခင်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဝါဒါဟာ ထိန်းသိမ်းရမယ့်စည်းမျဉ်းအချို့ကို ချိုးဖောက်ခဲ့တာကြောင့် အခုလို ထုတ်ပယ်ခဲ့တာလို့ သိရပါတယ်။

BBC အာရပ် သတင်းထောက် ရဲ့ ဖော်ပြချက်အရဝါဒါအနေနဲ့ လူမှုကွန်ရက်မှာ အမျိုးသမီး အတော်များများနဲ့ လူမှုကွန်ရက်ကတဆင့် စကားဖောင်ဖွဲ့ပြောခဲ့တဲ့အတွက်ကြောင့် အခုလို အသင်းက ထုတ်ပယ်လိုက်တာလို့ လည်း သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဝါဒါအနေနဲ့ အီဂျစ်က ဇင်ဘာဘွေကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမား အဖြစ် ပါဝင်ခွင့်ရခဲ့ပြီး အီဂျစ်အသင်းဟာလည်း ဒီနှစ် ဆုဖလားကို သိမ်းပိုင်နိုုင်မယ်လို့ ရေပန်းစားနေတဲ့အသင်း ဖြစ်ပါတယ်။

ဝါဒါကို အသင်းကနေ အိမ်ပြန်လွှတ်ဖို့အတွက်ကိုတော့ အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အဖွဲ့ဝင်တွေ၊အုပ်ချုပ်မှု အဖွဲ့ဝင်တွေအားလုံးရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က