ယနေ့ညမှဆီဗီလနဲ့ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားပါမယ်။

အင်တာမီလန်အသင်းအတွက် ၁၀နှစ်အကြာမှ ပထမဆုံးဆုဖလားပိုင်ဆိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ထားတာပါ။

ဒီအချိန်က သမိုင်းမှာ လူတွေ သတိရနေအောင် လုပ်ရမယ့်အချိန်လို့ အင်တာမီလန်အသင်းနည်းပြ ကွန်တီက သူ့ ကစားသမားတွေကို ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြ လာပါ တယ်။



အင်တာမီလန်အသင်းအတွက်တော့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဆီဗီလာအသင်းနဲ့ ကစားရမှာဖြစ်ပြီး ၁၀နှစ်လောက် ဝေးကွာနေတဲ့ ဆုဖလားနဲ့ အနီးစပ်ဆုံးကို ရောက်နေတာပါ။

“ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်အများကြီး ကစားခဲ့ပြီးပါပြီ၊နိုင်ပွဲတွေရှိခဲ့သလို ရှုံးပွဲတွေလည်း အများ ကြီးပါ။လူတွေက အနိုင်ရသူကိုပဲ မှတ်မိနေတတ်ကြတာပါ၊ကျွန်တော် ချန်ပီယံလိဂ်ရခဲ့ဖူးတယ်၊ဒါပေမယ့် ၃ကြိမ် တောင် ရှုံးနိမ့်ခဲ့ဖူးပါတယ်။ဒါပေမယ့် ဒီနေ့အထိ နိုင်တာကိုပဲ လူတွေက မှတ်မိနေတာပါ။ဒါကြောင့် ဒီအချိန်မှာ ကျွန်တော်တို့ အောင်ပွဲအတွက် စိတ်အားထက်သန်နေရပါမယ်။”လို့ ကွန်တီက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အင်တာမီလန်အသင်းက နောက်ဆုံး ဆုဖလားရခဲ့တာ ၂၀၁၀ခုနှစ်က ဖြစ်ပြီး နည်းပြမော်ရင်ဟိုလက်ထက်မှာ ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့တာပါ။

ယခုနှစ်မှာတော့ နည်းပြ ကွန်တီနဲ့အတူ လိဂ်မှာ အဆင့်၂ထိတက်လှမ်းပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ တစ်မှတ်သာ ကွာဟပြီး လက်လွှတ်ခဲ့ရတာပါ။

“ကျွန်တော့်ရဲ့ ကစားသမားဘဝနဲ့နည်းပြဘဝ လေ့လာခဲ့မှုတွေအရ မနက်ဖြန်မှာ အကောင်းဆုံး ရှင်သန်နိုင်မယ်လို့ ယုံကြည်ပါတယ်။နောက်ပြီး ဘာအတွက်မှ နောင်တမရပါဘူး။”လို့ ကွန်တီက ဆက်လက်ဆိုပါတယ်။

အင်တာမီလန်နဲ့ဆီဗီလာအသင်းတို့ကတော့ ဒီကနေ့ည(စနေ မနက် ၁နာရီခွဲ)မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ဂျာမနီနိုင်ငံမှာ ယှဥ်ပြိုင်ကစားသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က