loading...

loading...

loading...

ဒဏ်ရာက ပြန်လာလာချင်းမှာပဲ ဂိုးသွင်းနိုင်ခဲ့တာပါ။
Pyae Phyo Thein

နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးပြီးနောက်ပိုင်း ဂျူဗီအတွက် ပထမဆုံးအကြိမ်ပြန်လည်ကစားပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ပထမဆုံးပွဲမှာပဲ အဖိုးတန်အဝေးကွင်းသွင်းဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် အသင်းအတွက် သွင်းဂိုးနဲ့အတူ ပြန်လာနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ခြေစွမ်းကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ အေဂျက်ဇ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ဂျူဗီအတွက် ဦးဆောင်ဂိုးကို လှလှပပ ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်သွင်းဂိုးဟာလည်း (၁၂၅)ဂိုးအထိ ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးပြီးနောက်ပိုင်း ဂျူဗီအတွက် ပထမဆုံးအကြိမ်ပြန်လည်ကစားပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ပထမဆုံးပွဲမှာပဲ အဖိုးတန်အဝေးကွင်းသွင်းဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းပြန်အစမှာပဲ အေဂျက်ဇ်ကြယ်ပွင့် နီရက်စ်က ချေပဂိုးပြန်လည်သွင်းယူခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ရပါတယ်။

"သူက ဒီပွဲမှာ အချိန်တော်တော်များများ ပြေးပြေးလွှားလွှားကစားခဲ့ပြီး ပွဲကောင်းတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်၊ အသင်းအတွက် ပြန်ကစားပေးတဲ့ အချိန်မှာပဲ သူက အကောင်းဆုံးအဆုံးသတ်မှုနဲ့အတူ သွင်းဂိုးတစ်ဂိုးရရှိခဲ့ပါတယ်၊ အဲဒါက ရော်နယ်ဒိုပါပဲ၊ ဒါပေမယ့် ဒုတိယအကျော့မှာ ကျွန်တော်တို့ ဒုတိယအကျော့မှာ ဒီထက်ပိုပြီးကောင်းအောင် ကစားနိုင်ဖို့ လိုပါတယ်"

"အေဂျက်ဇ်က ရီးရဲလ်ကို ဘာနေဗျူးမှာ (၄-၁)နဲ့ အနိုင်ယူပြီး ဖြုတ်ပစ်နိုင်ခဲ့တဲ့ အသင်းပါ၊ ငယ်ရွယ်ပြီး အရည်အချင်းပြည့်ဝတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်၊ ဒီကစားသမားတွေကပဲ (၁၆)သင်းအဆင့်မှာ ရီးရဲလ်ကို အနီုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ခဲ့တာပါ၊ ကျွန်တော်တို့ အိမ်ကွင်းမှာလည်း သူတို့ဒီအတိုင်း ကစားနိုင်မယ်ဆိုတာ သိပါတယ်၊ တူရင်မှာ ကွဲပြားမှုတွေ ရှိလာပါလိမ့်မယ်" လို့ အယ်လီဂရီက ပွဲအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့ပြီး အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ အေဂျက်ဇ်နဲ့တွေ့တိုင်း ဂိုးသွင်းနိုင်တတ်တဲ့ အလေ့အထကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပြီး အဖိုးတန်အဝေးကွင်းတစ်ဂိုးကို ရယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က