ကိုဗစ်ဖြစ်သွားလို့ ဘလွန်းဒီအောဆုကို ဒီနှစ်အတွက် မပေးတော့ဘူးလို့ ကြေညာထားတာပါ။

လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ၅၃ဂိုးအထိ သွင်းယူပေးထားနိုင်သလို အသင်းနှင့်အတူ အမှတ်ပေးဖလားရယူထားနိုင်ပါတယ်။

အင်္ဂလန်နဲ့မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါ စကီးအနေနဲ့ ယခုနှစ်ရာသီ ဘလွန်းဒီအောဆု ပေးအပ်မှုကို ပယ်ဖျက်ထားရာမှ ပြန်လည်ပေးအပ်ပေးပါရန် အသ နားခံစာ တင်သင့်တယ်လို့ အကြံပြု ပြောလာပါတယ်။



“ကျွန်တော်သာ သူ့နေရာမှာဆိုရင် ပယ်ဖျက်ထားတဲ့ ဘလွန်းဒီအောဆုပေးမှုကို ပြန်လည်ရရှိဖို့ အသနားခံစာ တင်မှာပါ။မနှစ်က လူကာမိုဒရစ် သူ့ဘဝမှာပထမဆုံး ဘလွန်းဒီအောဆုမရခင်အထိ ရော်နယ်ဒိုနဲ့မက်ဆီက ၁၂နှစ် လောက်ဒီဆုကို အလှည့်ကျ သိမ်းပိုက်နေတာပါ။ဒီနှစ်မှာ လီဝန်အနေနဲ့လည်း သူ့ရဲ့ နောက်ထပ် တစ်ဆင့်အတွက် ကြိုးစားသင့်ပါတယ်။”လို့ ဖာဒီနန်းက TEAMtalk သတင်းဌာနကိုပြောခဲ့တာပါ။

ပြင်သစ်ဘောလုံးအဖွဲ့အစည်းက ပုံမှန်ပေးအပ်လေ့ရှိတဲ့ ကမ္ဘာ့အကောင်းဆုံးဆု(ဘလွန်းဒီအော)ကို ဒီနှစ် ကိုဗစ် ကပ်ရောဂါ ဖြစ်သွားတဲ့အတွက် ပြိုင်ပွဲတွေ ပိတ်လိုက်ရပြီး ပြိုင်ဆိုင်မှု ညီမျှဖို့ လုံလောက်တဲ့အချိန်မရှိခဲ့ဘူးလို့ ယူ ဆပြီး ဒီနှစ်မှာမပေးအပ်တော့ဘူးလို့ ကြေညာထားတာပါ။

၁၉၅၆ခုနှစ်က စတင်ပြီး ပုံမှန်ပေးအပ်လာတဲ့ အဆိုပါ ဘလွန်းဒီအောဆုကို ဒီနှစ်မှာ ပထမဆုံးအကြိမ် မပေးအပ် တော့တာဖြစ်ပါတယ်။

“ဒီဆုပေးအပ်ဖို့ သူတို့ ပယ်ဖျက်လိုက်တာ မယုံနိုင်ပါဘူး၊ရက်စက်ရာကျပါတယ်၊ဒီစကားလုံးပဲ ပြောစရာရှိပါတယ်။ ဒီရာသီမှာ လီဝန်ဒေါစကီး စွမ်းဆောင်ထားနိုင်တာက ဒီဆုအတွက် ထိုက်တန်နေချိန်မှာ အခုလိုဖြစ်သွားတာ မတ ရားဘူးလို့ ယူဆပါတယ်။အခုချိန်မှာသာ ဘိုင်ယန်ကို ချန်ပီယံလိဂ်ရအောင် လီဝန်ဒေါစကီး ထပ်မံ စွမ်းဆောင်ပြနိုင် ခဲ့ပြီး ဘလွန်းဒီအောဆုကိုလည်း မပေးဘူးလို့ ဆုံးဖြတ်ထားဆဲဆိုရင် ဒါဟာမတရားပါဘူး။”လို့ ဖာဒီနန်က ဆက်လက် သုံးသပ်ပြောခဲ့ပါတယ်။

လီဝန်ဒေါစကီးရဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီကနေ့ညမှာ မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ကွာ တားဖိုင်နယ်ပွဲ ကစားဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က