ဘိုင်ယန်နဲ့အတူ ဆုဖလားသုံးလုံးတစ်ပြိုင်တည်းရရှိခဲ့သူဖြစ်ပါတယ်။
Pyae Phyo Thein

လီဝန်ဒေါစကီးဟာ ကစားသမားဘဝအကောင်းဆုံးဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဘွန်ဒက်လီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ စံချိန်သစ်တွေကိုလည်း ရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၄၇ ပွဲကစားပြီး ၅၅ ဂိုးသွင်းယူခဲ့ကာ တစ်ရာသီအတွင်း အဓိကဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့တဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးက ၂၀၂၀ ဘလွန်းဒီအောဆုနဲ့ ထိုက်တန်သူဟာ သူဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူကျနေခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုမချီးမြှင့်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။ 

လီဝန်ဒေါစကီးဟာ ကစားသမားဘဝအကောင်းဆုံးဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဘွန်ဒက်လီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ စံချိန်သစ်တွေကိုလည်း ရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် ပိုမိုကာခြေစွမ်းပြသနိုင်ခဲ့ပြီး ဘိုင်ယန်ရဲ့အောင်မြင်မှုတွေမှာ မရှိမဖြစ်အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ 

ပိုလန်သတင်းဌာန Sportowe Fakty နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘလွန်းဒီအောဆု ဘယ်သူရရှိခဲ့သင့်လဲလို့ မေးမြန်းခဲ့ရာမှာ "ကျွန်တော်ပါ၊ ကျွန်တော်တို့က ဘိုင်ယန်နဲ့အတူ ရနိုင်သမျှ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်၊ ပြိုင်ပွဲတိုင်းမှာပါ၊ ဘွန်ဒက်လီဂါ၊ ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပေါ့၊ အဲဒီပြိုင်ပွဲတိုင်းမှာလည်း ကျွန်တော်က ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်"

"အခြားအသင်းတွေက ကစားသမားတွေလည်း ရနိုင်တယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်၊ ဒါပေမယ့် ကျွန်တော်လုပ်နိုင်ခဲ့သလိုမျိုး သူတို့လုပ်နိုင်ဖို့က မလွယ်ကူပါဘူး" လို့ လီဝန်ဒေါစကီးက ဖြေဆိုသွားခဲ့ပါတယ်။ အမှန်တကယ်လည်း လီဝန်ဒေါစကီးအတွက် နစ်နာခဲ့ရတယ်လို့ မှတ်ချက်ပြု၊ ယူဆတဲ့ ပရိသတ်တွေ အများအပြားရှိနေခဲ့ပါတယ်။

ဘလွန်းဒီအောဆုကိုတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တွင်းမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့က လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးပေါင်း စုစုပေါင်း ၁၁ ကြိမ်အထိ ရရှိခဲ့ကြပြီး လူကာမိုဒရစ်က ၂၀၁၈ မှာသာ ဖောက်ထွက်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 


Author


က္က