ဥရောပမှာ ပြင်သစ်လိဂ်က ထပ်တန်း ၅လိဂ်ထဲ နောက်ကျနေတဲ့သဘောနဲ့ လှောင်ပြောင်နေကြခြင်းပါ။
Kyaw Ko Ko Sint

ဥရောပထိပ်တန်းလိဂ် ၅ခုအနက် နောက်အကျဆုံး၊နာမည်ကြီး ကစားသမားအနည်းဆုံးလိဂ်ဖြစ်လို့ အခြားလိဂ် ပရိသတ်တွေက လှောင်ပြောင်ခေါ်ဝေါ်နေခြင်းကို အချိန်ကိုက် လက်စားချေလိုက်တာပါ။

ပြင်သစ်ပြိုင်ဖက်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လိုင်ယွန်အသင်းက အင်္ဂလန်ကလပ် မန်စီးတီးအသင်းကို ၃-၁နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားချိန်မှာတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး ဘတ်ပေက လယ်သမားလိဂ်လို့ ပြင်သစ်လိဂ်ကို လှောင်ပြောင် တိုက်ခိုက်နေသူတွေကို လှလှပပ ကလဲ့စားချေ လိုက်ပါတယ်။

ပွဲပြီးတာနဲ့ ဘတ်ပေက သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ပြည်တွင်းပြိုင်ဖက် လိုင်ယွန်အတွက် ဂုဏ်ယူကြောင်းနှင့် တစ်ချိန်တည်းမှာပဲ လယ်သမားလိဂ်ဆိုတဲ့စာသားလေးကို ဂျိုကာပုံလေးနဲ့တွဲပြီး တင်လိုက်တာပါ။

ဒီလိုပြောရခြင်းရဲ့ နောက်ကွယ်ကတော့ ပြင်သစ်လိဂ်ကို ဥရောပထိပ်တန်းလိဂ် ၅ခုစာရင်းသွင်းထားပေမယ့် လိဂ် ဟာ တိုးတက်မှုနောက်အကျဆုံးနဲ့ ထိပ်တန်းကစားသမား နည်းပါးနေတာကြောင့် ခေတ်နောက်ကျနေတယ်လို့ လ
ှောင်ပြောင်ပြီး လယ်သမားလိဂ်လို့ ခေါ်ဝေါနေကြတာလို့ Goal.comက ဖော်ပြထားပါတယ်။


အခုချိန်မှာတော့ ပြင်သစ်လိဂ်မှာ နာမည်ကြီး ကစားသမားတွေအဖြစ် နေမာ၊ဘတ်ပေ၊ကာဗာနီစတဲ့ ကစားသမား တွေ ရှိနေပြီ ဖြစ်သလို ချန်ပီယံလိဂ်လို ဥရောပ အဆင့်မြင့်ဆုံး ပြိုင်ပွဲကြီးမှာလည်း ဆီမီးဖိုင်နယ်ကို နှစ်သင်းထိ တက်ရောက်ထားနိုင်တာကြောင့် ဘတ်ပေက အခုလို လက်စားချေပြလိုက်တာပါ။

အလားတူပဲ လိုင်ယွန်အသင်းကလည်း မန်စီးတီးအသင်းကို အနိုင်ရချိန်မှာ “ဒီမှာ လယ်သမားတွေ မရှိဘူး”ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အောင်ပွဲခံခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က