နာပိုလီရဲ့ ဒုတိယဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတာပါ။

ဆဲလ်ဘာ့ဂျ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက်နှစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် မာတင်စ်က နာပိုလီရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အဆင့်နှစ်နေရာကို ရောက်ရှိလာခဲ့ပါတယ်။


နာပိုလီအသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဒရိုုင်းမာတင်စ်ဟာ နာပိုလီနာမည်ကျော်ကစားသမားဟောင်းမာရာဒိုနာရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆဲလ်ဘာ့ဂျ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက်နှစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် မာတင်စ်က နာပိုလီရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အဆင့်နှစ်နေရာကို ရောက်ရှိလာခဲ့ပါတယ်။

အသက် ၃၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတင်စ်ဟာ နာပိုလီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၁၆ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါအရေအတွက်ဟာ မာရာဒိုနာရဲ့ သွင်းဂိုးထက် တစ်ဂိုးအသာစီးရရှိခဲ့တာလည်းဖြစ်ပါတယ်။ မာရာဒိုနာလို ကစားသမားမျိုးရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့လည်း မာတင်စ်က ဝန်ခံခဲ့ပါတယ်။

နာပိုလီရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် အသင်းကစားသမားဟောင်းဟမ်ဆစ်က ရပ်တည်နေပါတယ်။ လက်ရှိမှာ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်အသင်းကစားသမားဖြစ်နေတဲ့ ဟမ်ဆစ်က ၁၂၁ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပြီး မာတင်စ်အနေနဲ့ နောက်ထပ် ၆ ဂိုးသာသွင်းယူရုံနဲ့ အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။

"သွင်းဂိုးနှစ်ဂိုးအတွက် ကျွန်တော်ကျေနပ်မိပါတယ်၊ ကျွန်တော့်အတွက် နာပိုလီရဲ့ သမိုင်းမှတ်တမ်းမှာ အဆင့်တစ်ခုတိုးသွားခဲ့လို့ပါ၊ မာရာဒိုနာက နေပယ်လ်မြို့ရဲ့ စံပြကစားသမားတစ်ဦးဖြစ်ပြီး အခုဆိုရင် ကျွန်တော်က မာရက်ခ် (ဟမ်ဆစ်)ကို လိုက်မီဖို့ မျှော်လင့်နေနိုင်ပြီဖြစ်ပါတယ်၊ ခရစ္စမတ်ကာလအတွင်းမှာ ကျွန်တော်ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်" လို့ မာတင်စ်ကပြောဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။



က္က